၂၀၁၃-၃-၁၃
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို သေချာဖတ်သင့်ပါတယ်။
ဒီအစီရင်ခံစာထဲမှာ ဒေါ်စုက နိုင်ငံတော်ကိုယ်စား သတ္တုတွင်းဝန်ကြီးဋ္ဌာန၊ ဦးပိုင်နဲ့ ၀မ်ဘောင် ကုမ္ပဏီတို့ကို လိုက်နာဆောင်ရွက်ရမဲ့ အချက်အလက်တွေကို အကြံပြုထားတာ တွေ့ရပါတယ်။
အစီရင်ခံစာထဲမှာ ပါတဲ့ (များလှစွာသော) အချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် ဒေါ်စုက နိုင်ငံတော် အကျိုးအတွက်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသခံ မြေသိမ်းခံရသူတွေ အတွက် မြန်မာနိုင်ငံရဲ့ နောင်မျိုးဆက်တွေအတွက် အကျိုးရှိမဲ့ အကြံပြုချက်တွေ ပေးထားပြီး

ဖြစ်ပါတယ်။
ဦးပိုင်ရော၊ ၀မ်းဘောင်ရော သတ္တုတွင်းဝန်ကြီးဋ္ဌာနတို့ကသာ ဒီအချက်အလက်တွေအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။
သူတို့ ဒီအချက်အလက်တွေအတိုင်း လိုက်နာဆောင်ရွက်အောင် ပြည်သူတွေက ဆန္ဒဖော်ထုတ်ရမှာပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)