၂၀၁၃-၃-၂၁ PMNJ
အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို မလေးရှားနိုင်ငံဖွား တရုတ်လူမျိုး
အနုပညာဗိသုကာပညာရှင်မလေး ဟောင်ရီက ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့် ဇန်နဝါရီ ၂၄
ရက်နေ့က မလေရှားနိုင်ငံ Sutera Harbour Marina, Golf & Country Club
တွင်ဖန်တီးပြ ခဲ့သည်။ ဟောင်ရီသည် ၎င်းပုံတူဖန်တီးရာတွင် ရေ၊ ဆေးရည်ထည့်ထားသော
ပလက်စတစ်ခွက် အတွင်းသို့ ဇော်မွှားပန်းအဖြူများထိုးစိုက်၍ ဖန်တီးပြခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖန်တီးရာတွင် ပန်းပွင့်အဖြူသို့ အောက်ခံခွက်မှဆေးရည် သူမလိုချင်သည့်အရောင်ရောက်ေ အာင်
နာရီ ၄၀ ကြာ စောင့်ခဲ့ရသည်ဟုသိရှိရသည်။ ထို့အပြင် ဟောင်ရီသည်
အခြားဖန်တီးမှုများအဖြစ် နေကြာစေ့ များဖြင့် ပုံတူဖန်တီးခြင်း၊
ဖယောင်းစက်များဖြင့် ဖန်တီးခြင်း၊ ကော်ဖီများပက်ဖြန်း၍
ဖန်းတီးခြင်းကဲ့ သို့သော အနုပညာဖန်တီးမှုမျိုးလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
သူမသည် ဒေါ်အောင်ဆန်းစု ကြည်၏ ဒီမိုကရေစီအတွက် ကြိုးပမ်းလှုပ်ရှားခြင်းကို
လေးစားအားကျသဖြင့် ယခုလိုဂုဏ်ပြု ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
z
အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ခေါင်းဆေ
z


