Friday, March 22, 2013

နေပြည်တော်ရှိ ရတနာသိင်္ဃဟော်တွင် ကျင်းပပြုလုပ်သော ဂုဏ်ပြုညစာစားပွဲ

 ၂၀၁၃-၃-၂၂
နေပြည်တော်ရှိ ရတနာသိင်္ဃဟော်တွင် ကျင်းပပြုလုပ်သော ဂုဏ်ပြုညစာစားပွဲကို ၂၁ရက် မတ်လ 
ညနေ ၆နာရီ ၃၀ မိနစ်ကကျင်းပပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ၊ ကော့မှူးမြို့နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောကြသည်။ အဖွဲ့ချုပ်
ကိုယ်စား လှယ်များအား စစ်ကိုင်းတိုင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဂုဏ်ပြု ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင်   ချေင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းမှ အခမ်းအနားမှုးအဖြစ်ဆောင်      ရွက်ပြီး၊ စီပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ဂုဏ်ပြုညစာစားပွဲဖြင့်ဧည့်ခံရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးနောက် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ     ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ယဉ်ကျေးမှု့အဖွဲ့မှ   တေးသံသာများဖြင့်ဧည့်ခံပြီးနောက် အခမ်းအနားကို ၈နာရီ၃၀တွင် အခမ်းအနားကို
ရုပ်သိမ်းခဲ့သည်။