Thursday, March 21, 2013

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မရမ်းကုန်းမြို့နယ် အဖွဲ့ချုပ်အဖွဲ့ဝင် ၁၅၀ 
ခန့်လာရောက် လေ့လာကြသည်။

၂၀၁၃ ခုနှစ် ၂၁ ရက်ကြာသာပတေးနေ့ကဆက်လက်ပျင်းပရာ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်   တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ကိုယ်စားလှယ်များတက်ရောက် ကြသည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မရမ်းကုန်းမြို့နယ် အဖွဲ့ချုပ်အဖွဲ့ဝင် ၁၅၀ ခန့်လာရောက်လေ့လာကြသည်။အစည်းအဝေးတွင် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပူးတွဲဇယားဖြင့် တင်ပြထားသော ရသုံးငွေများနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ခြင်းစီအလိုက်အတည်ပြုရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့စည်းဝင်က   ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ ဥပဒေတစ်ရပ်လုံးအား လွှတ်တော်ကအတည်ပြူရန် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဏာရေး
နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆိုတင်သွင်းခြင်း၊ ၁၉၄၅ ခုနှစ် ရွှေပြောင်းနိုင်သော  ပစ္စည်း အုပ်ထိန်းသူ အက်ဥကဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း၊ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ မြန်မာနိုင်တော် ဗဟိုဘဏ် ဥပဒေကြမ်း စသည်တို့ကို   ဆွေးနွေးကြသည်။