၂၀၁၃-၃-၁၈
လက်ပံတောင်း
တောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အဓိကတာဝန်ကိုယူထား
သောဒေါ်အောင်ဆန်းစုကြည်မှ
မိမိစီစဉ်ထုတ်ပြန်ခဲ့သော အစီရင်ခံစာကို တာဝန်ယူကြောင်း၊ ပညာရှင် မြောက်များစွာနှင့်ဒေသကျွမ်းကျင်သူများကို
ထည့်သွင်း၍ မိမိကိုယ်တိုင်လေ့ လာပြီး လေးလေး နက်နက်ဖြင့် အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏
အလားအလာများကို ရှေ့ ရှု၍ ဖြစ်ပေါ် လာနိုင်သော အန္တရယ်မြောက်များစွာကို ကာကွယ်သောအားဖြင့်
ဥပဒေစိုးမိုးရေးကို အခြေခံသော
နှစ်ဦးနှစ်ဘက်၏
ရှေ့ ရေးကိုမျှော်တွေးကာ စီးပွားရေးရင်းနှီးမြုတ်နှံသူများအား ဥပဒေဘောင်အတွင်း
ရောက်ရှိလာစေရေး၊အကျိုးအမြတ်
တခုထဲကိုသာမကြည့်ဘဲ ဒေသခံများ၏ လူနေမှုဘ၀မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ရွာသားများနစ်နာမှုကိုအာမခံရေး၊ သာသနိက အဆောက်အဦး
များ ပျက်စီးမှုမရှိစေရေး၊လူ့အခွင့်အရေးချိုးဖောက်မှုများ
ကင်းဝေးစေရေး၊နိုင်ငံတကာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို
လမ်းဖွင့်ပေးရေး၊ တောင်သူလယ်သမားများ၏ အခြားလိုအပ်ချက်များကို ကူညီပညာ ပေးရေး စသည်တို
့ကို ပြည့်စုံအောင် အစီရင်ခံစာတွင် ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ဒီမိုကရေစီအရေးနှင့်
လူ့ အခွင့်အရေးများ အစဉ်တစိုက်ရရှိစေရန် ၁၂-၃-၂၀၁၃-ရက်နေ့၌ ထုတ်ပြန်သော
စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို အဓိပ္ပါယ်ရှိရှိ လိမ္မာပါးနပ်စွာ ပြုပြုပြင်ပြင်
ဖော်ဆောင်ခဲ့သည်ကို တွေ့ ရှိရပေသည်။
BBC
မြန်မာလူထုခြားမှာတင်မက ကမ္ဘာ့ထိမ်သီးခေါင်းဆောင်တွေ လူထုတွေကြားမှာပါ ထင်ရှားတဲ့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးအတွက် ရည်ညွှန်းတဲ့ ပြယုဂ်အဖြစ်ကနေ မျက်မှောက်နိုင်ငံရေး အပြောင်းလဲမှာ ရေချိန်တက်ကျရှိနိုင်တဲ့ နိုင်ငံရေးသမားတဦးဘ၀ကို ထဲထဲဝင်ဝင်ပြောင်းလဲ ခုံဝင်လာတယ်လို့  ဘီဘီစီသတင်းထောက် ဂျော်နသန် ဟက်ဒ်က သုံးသပ်ထားပါတယ်။သူက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ အနေနဲ့  ဒေသခံတွေနဲ့ သွားတွေ့ ခဲ့တာကို ထောက်ထားပြီး ပြောလာတာဖြစ်ပါတယ်။
တကယ်တော့
စာရေးသူဟာ မြန်မာနိုင်ငံရေးအခြေအနေတွေကို အပြင်ဘက်ကလေ့လာနေသူ တစ်ဦးဖြစ်ပြီး
စေ့စေ့စပ်စပ် မြန်မာ့နိုင်ငံရေးသမားများထဲမှာ ရှိနေသူမဟုတ်ပါဘူး။လေ့လာသူ တစ်ဦးအနေဖြင့်
အခြေအနေတွေကို ကြည့်ပြီးသုံးသပ်တာဖြစ်ပြီး စာရေးသူ၏ အမြင်သာဖြစ်ပါတယ်။ တကယ်လက်တွေ့ 
မြန်မာနိုင်ငံရေးနယ်ပယ်မှလှုပ်ရှားသူတွေကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သော်လည်း မြန်မာနိုင်ငံကို
ကိုယ်စားပြုတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်ဆောင်ဖြစ်တယ်ဆိုတာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ
အထင်အရှား ပါ။ပါတီတခုထဲရဲ့  ခေါင်းဆောင်ဖြစ်ပေမဲ့ မြန်မာနိုင်ငံသားအားလုံးကို
ကိုယ်စားပြုနေတယ်ဆိုတာ ငြင်းစရာမရှိပါဘူး နိုင်ငံရေးလူပ်ရှားသူတွေကြားမှာ ဒီစကားကအထင်အရှား အားဆွဲနေတုံးပါဘဲ။ တကယ်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်တဲ့အတွက် မြန်မာသာမက ကမ္ဘာကပါလေးစား ခံထားရသူပါ။
မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲမှာ
အထူးအရေးကြီးတဲ့အတွက် ညင်ညင်သာသာနဲ့  ပြောင်းလဲနိုင်ဖို့  ဂရုစိုက်ဖို့ လိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီခေါင်း
ဆောင် လူထုခေါင်းဆောင်ဆိုတာ မြန်မာ့အသိုင်းအ၀ိုင်းကတော့
လက်ခံထားဆဲပါ။ပါတီတခုတည်းကို ကိုယ်စားမပြုဘဲ မြန်မာတနိုင်ငံလုံး မြန်မာနိုင်ငံသားအားလုံးကို
ကိုယ်စားပြုတယ်ဆိုတာ နိုင်ငံသားအား လုံးသိပါတယ်။(ရှင်းရှင်းပြောရရင် ခေါင်းနဲ့ ပန်းသဘောပါဘဲ)
မြန်မာ့နိုင်ငံရေးကို လွယ်လွယ်နဲ့  မသုံးသပ်စေချင်ပါဘူး။
နိုင်ငံရေးလောကဆိုတာ စိုတဲ့လက်မခြောက်မှီ
ခြောက်တဲ့လက်မစိုမှီ အတိုင်း မြန်ဆန်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေတောင် နှစ်တိုတိုအတွင်း
ပျောက်ကွယ်တာတွေ့ ရပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်လို ကမ္ဘာကရော မြန်မာကပါ လေးစားတဲ့၊ထက်မြက်တဲ့၊ရိုးသားတဲ့၊ညဏ်အမျှော်အမြင်ရှိတဲ့
ခေါင်းဆောင်မျိုး မြန်မာနိုင်ငံမှာ နောက်ထပ်ပေါ်ပေါက်လာဖို
့မလွဲပါဘူး။မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးမှာ အဓိကလိုအပ်တဲ့ခေါင်းဆောင်တဦးပါ။ဒါကြောင့်
အစိုးရကကော တပ်မတော်ကပါ လေးစား အားကိုးတဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။အရာရာမှာ
ဒေါ်အောင်ဆန်းစုကြည်ပါဝင်
နေရတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် အလွန်လိုအပ်နေတယ်ဆိုတာ
သိနိုင်ပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေးနှင့် လူ့ အခွင့်အရေးများ၊ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား
များက လက်ခံထားတဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။
များက လက်ခံထားတဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။
တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးအတွက်
သမ္မတ ဦးသိန်းစိန်နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်တို့ ရဲ့ ကြိုးစားနေမှုတွေကြောင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို
ရောက်ခဲ့ရတယ်။
ရှေ့ ဆက် ဥပဒေစိုးမိုးရေး၊၂၀၀၈ မတရားတဲ့ဥပဒေတွေကိုပြင်ဆင်ရေး၊တိုင်းပြည်
ပြန်လည်ထူထောင်
ရေး၊တိုင်းဒေသများဖွင့်ဖြိုးရေး၊ဒီမိုကရေစီစံနှုန်းနဲ
့လူ့ အခွင့်အရေးစံနှုန်းတွေမြှင့်တင်ပြီး တိုင်းရင်းသား ဒေသများတွင် တန်းတူညီမျှ အခွင့်အရေးရရှိရေး၊ဘာသာရေး၊လူမျိုးစုအရေးများ
တိုးတက်အောင် ဆောင်ရွက်ရမည့်အရေး၊ဖွံ့ ဖြိုးဆဲနိုင်ငံထဲပါဝင်အောင် ရင်းနှီးမြုတ်နှံမှုများ ရရှိရေး၊နိုင်ငံသားများ
စားဝတ်နေရေးပြေလည်အောင် လုပ်အားနှင့်ဝင်ငွေမြှင့်တင်ရေး၊အလုပ်သမား အခွင့်အရေး စသည့် ဘက်ပေါင်းစုံအခန်းကဏ္ဍများကို
လေ့လာသုံးသပ် ပြင်ဆင်နေသောကာလလည်းဖြစ်၍ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း
စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည်
အရေးကြီးသောအနာဂတ် အခန်းကဏ္ဍမှာ ပါဝင်နေသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား ကန့် ကွက် ပိုင်ခွင့်
အပြည့်အ၀ရှိပြီး နည်မှန်လမ်းမှန်ဖြင့် ဥပဒေကြောင်းအရသော်လည်းကောင်း၊ပညာရှင် အ
ထောက် အထားအရသော်လည်းကောင်း၊ဒေသခံများ အကျိုးအတွက်သော်လည်းကောင်း သေသေ
ချာချာ သုံးသပ်တင်ပြရပေလိမ့်မည်။ ပါးစပ်ပြောဖြင့် ရိုင်းစိုင်းသောပြုမှုပြောဆိုခြင်း၊လူကြီးလူကောင်း
ပီသစွာ အပြန်အလှန်လေးစားသောအားဖြင့် တင်ပြနိုင်ရမည်။ထိုအစီရင်ခံစာသည် လက်ပံတောင်း
တောင် ဒေသ တခုတည်းအတွက်မဟုတ်ဘဲ နောင်ဖြစ်ပေါ်လာမည့် မဆလ၊န၀တ၊ နအဖ၊လက်ရှိ
အစိုးရ အဆက်ဆက်မှ မှားယွင်းမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ထုတ်ပြန်သော အစီရင်စာဖြစ်
သည့် အတွက် ပြည့်စုံအောင် စီမံထားသည်ကို တွေ့  ရှိရပြီး လိုအပ်ချက်များ ပြန်လည်သုံးသပ်
ဆွေးနွေးရမည်။
ထောက် အထားအရသော်လည်းကောင်း၊ဒေသခံများ အကျိုးအတွက်သော်လည်းကောင်း သေသေ
ချာချာ သုံးသပ်တင်ပြရပေလိမ့်မည်။ ပါးစပ်ပြောဖြင့် ရိုင်းစိုင်းသောပြုမှုပြောဆိုခြင်း၊လူကြီးလူကောင်း
ပီသစွာ အပြန်အလှန်လေးစားသောအားဖြင့် တင်ပြနိုင်ရမည်။ထိုအစီရင်ခံစာသည် လက်ပံတောင်း
တောင် ဒေသ တခုတည်းအတွက်မဟုတ်ဘဲ နောင်ဖြစ်ပေါ်လာမည့် မဆလ၊န၀တ၊ နအဖ၊လက်ရှိ
အစိုးရ အဆက်ဆက်မှ မှားယွင်းမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ထုတ်ပြန်သော အစီရင်စာဖြစ်
သည့် အတွက် ပြည့်စုံအောင် စီမံထားသည်ကို တွေ့  ရှိရပြီး လိုအပ်ချက်များ ပြန်လည်သုံးသပ်
ဆွေးနွေးရမည်။
မသမာသူ
လူနည်းစုမှ နောက်ကြောင်းပြန်စေနိုင်သော လှုံ့ ဆော်မှုများရှိနေပြီး သတိကြီးစွာဖြင့် ကိုင် တွယ်ရန်လည်း
လိုအပ်သည်။ဆူပူမှုမှစပြီး မငြိမ်မသက်ဖြစ်အောင် ဖန်တီကာ တိုင်းပြည်ငြိမ်းချမ်းရေး ကို
ခြိမ်းခြောက်လာနိုင်ကာ ဒေသအသီးသီးတွင် ဥပဒေစိုးမိုးရေးလမ်းကြောင်းကို ဖျက်ဆီးသူများ လုံ့ ဆော်သူများ ရှိလာနိုင်သောကြောင့်
ဒေသတွင်း လုံခြုံမှုရှိစေရန် ပြည်သူများက သတိရှိရှိဖြင့် လုပ်ဆောင်ဖို့  လိုအပ်သည်။မျက်ဖြူစိုက်လေ
ဆရာကြိုက်လေ မဖြစ်ရအောင် လူထုခေါင်းဆောင်၏ လုပ်ငန်းများကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးကြရန်လည်း
လိုအပ်သည်။ အရာရာတိုင်းသည် ပြီးပြည့်စုံနိုင်သည်မဟုတ် ဆင့်ကာဆင့်ကာ ပညာရှင်များဖြင့်
သုံးသပ်အဖြေရှာသော နည်းဖြင့် ဆုံးဖြတ်နိုင်ရမည်။အဓိကအားဖြင့် အစိုးရအဖွဲ့ အစည်းများ၊အတိုက်အခံများ၊ပညာရှင်များရှင်များ
ဘက်ပေါင်းစုံမှ ပါဝင်နိုင်သော အခြေခံ ဖောင်ဒေးရှင်းများကို ချမှတ်၍ ဆွေးနွေးအဖြေရှာနိုင်သော အခင်းအကျင်းများ
ဖန်တီးနိုင်ရမည်။
လက်ရှိနှေးကွေးနေသော
နိုင်ငံရေးအပြောင်းအလဲများကို ၀ိုင်းဝန်းတွန်းအားပေးသော လုပ်ငန်းစဉ်များ
ကိုစနစ်တကျရှိစေရန်
အချိန် ကာလ သတ်မှတ်ကာ အစီအစဉ်များ ရေးဆွဲ၍ လုပ်ဆောင်ရမည်ဖြစ်ပြီး
မြန်မာ့နိုင်ငံရေး အရှိန်ကို နှောက်နှေးစေသောလုပ်ရပ်များကို ဖြိုကွင်းရမည်။ဘီဘီစီမှ နိုင်ငံရေး ခေါင်းဆောင်အဖြစ် ဆွဲဆောင် သုံးသပ်ပြီး ဒီမိုကရေစီခေါင်းဆောင်၊လူထုခေါင်းဆောင် အဖြစ်မှ ဆွဲချကာ ပြည်သူများလက်မခံအောင် ရေးသားခြင်းသည် မြန်မာ့ဒီမိုကရေစီအရေးကို နှောက်နှေး ကျန့် ကြာစေပြီး ပြည်သူများ၏ ယုံကြည်အားကိုးမှုကို ပျက်ဆီးစေသောလုပ်ရပ်ဖြစ်သည်။ ဘီဘီစီ၏ သတင်းထောက်များသည် မြန်မာ့ဒီမိုကရေးစီအရေးတွင် ရခိုင်ဒေသအရေးအခင်း၊ဘင်္ဂလီများ မြန်မာ
မြန်မာ့နိုင်ငံရေး အရှိန်ကို နှောက်နှေးစေသောလုပ်ရပ်များကို ဖြိုကွင်းရမည်။ဘီဘီစီမှ နိုင်ငံရေး ခေါင်းဆောင်အဖြစ် ဆွဲဆောင် သုံးသပ်ပြီး ဒီမိုကရေစီခေါင်းဆောင်၊လူထုခေါင်းဆောင် အဖြစ်မှ ဆွဲချကာ ပြည်သူများလက်မခံအောင် ရေးသားခြင်းသည် မြန်မာ့ဒီမိုကရေစီအရေးကို နှောက်နှေး ကျန့် ကြာစေပြီး ပြည်သူများ၏ ယုံကြည်အားကိုးမှုကို ပျက်ဆီးစေသောလုပ်ရပ်ဖြစ်သည်။ ဘီဘီစီ၏ သတင်းထောက်များသည် မြန်မာ့ဒီမိုကရေးစီအရေးတွင် ရခိုင်ဒေသအရေးအခင်း၊ဘင်္ဂလီများ မြန်မာ
နိုင်ငံ၏ တိုင်းရင်းသားဖြစ်သည်ဟု
ထောက်ခံပြောဆိုခြင်း၊ယခုတဖန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အား မျက်မှောက်နိုင်ငံရေးအပြောင်းအလဲမှာ
ရေချိန်အတက်အကျရှိနိုင်တဲ့ နိုင်ငံရေးသမား တဦးဘ၀ ကို ထဲထဲဝင်ဝင် ပြောင်းလဲခုန်ဝင်လာတယ်လို
့ ဘီဘီစီမှ ဂျော်နသန် ဟက်ဒ်၏ ပြောဆိုခြင်းသည် အန္တရယ်ကြီးလှသည်။လက်ရှိဖြစ်ပေါ်နေသော မြန်နိုင်ငံ၏ အကြပ်အတည်းပြဿနာကို အခွင့်အရေး
ယူ သုံးသပ်ထားကြောင်း တွေ့ ရှိရသည်။လမ်းကြောင်းပြောင်းလဲအောင် ဖန်တီးနေသည်ဟု ယူဆရ
သည်။
လာမည့်
၂၀၁၅ တွင် စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာစေရေးအတွက် မြန်မာနိုင်ငံသား များက အနှစ် ၂၀ ကျော် အားပေးထောက်ခံမှု ရရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ
့ချုပ်ကို ထောက်ခံမှုအင်အားနည်းပါးစေရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကိစ္စတခုကို
ထောက်ပြ၍ ဝေဖန်သုံးသပ်သောကြောင့် အထင်အမြင်လွဲစေနိုင်ပြီး မြန်မာ့ဒီမိုကရေစီ အရေးကို
ထိခိုက်စေနိုင်သည်။မြန်မာ့နိုင်ငံရေးထဲတွင် ထဲထဲဝင်ဝင်မရှိဘဲ အပြင်မှသုံးသပ်ခြင်း ကြောင့်
ပြည်သူများ လွဲမှားသောအတွေးများဖြစ်ပေါ်စေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်
နိုင်ငံသားအားလုံးကို
ကိုယ်စားပြုသော ဒီမိုကရေစီခေါင်းဆောင်၊လူထုခေါင်းဆောင်အဖြစ် မြန်မာ့
နိုင်ငံရေး အသိုင်းအ၀န်းတွင်
လက်ခံထားကြကြောင်း နိုင်ငံရေနယ်ပယ် လှုပ်ရှာသူများ၏ သဘော ထားများအရသိရှိရသည်။
မြသိန်း
မြသိန်း
