၂၀၁၃ မတ်လ (၁၃)
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အကြံပြုချက်အတိုင်း စီးပွားရေးဦးပိုင် လီမိတက်နှင့်ဝမ်ပေါင်ကုမဏီ တို့မှ လိုက်နာ ဆောင်ရွက်သွားမည်။

၂၀၁၃ မတ်လ (၁၄)
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသသို့ သွားရောက်ပြီး ကော်မရှင်၏ အစီရင်ခံစာအား သွားရောက်ရှင်းလင်း။
------------------------------ ---------------
၂၀၁၃ မတ်လ (၁၅)
ဝက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သူရဦးအေးမြင့်က
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ
ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုတရပ်ကို တင်သွင်းရာ
မြစ်ကြီးနားမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဇော်က
ထောက်ခံခဲ့ပြီး ----- တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၆၂ ဦးတို့က (ကန့်ကွက်သူ မရှိ
)အတည်ပြုခဲ့ကြ ကြောင်း၊
============================== ===============
''ကျွန်မ ခဏခဏ ပြောတယ်။ ပြဿနာတွေက အခုလည်း ရှိမှာပဲ၊ နောင် လည်း ရှိမှာပဲ။ ဒီပြဿနာ
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသသို့ သွားရောက်ပြီး ကော်မရှင်၏ အစီရင်ခံစာအား သွားရောက်ရှင်းလင်း။
------------------------------
၂၀၁၃ မတ်လ (၁၅)
ဝက်လက်မြို့နယ်ပြည်သူ့လွှတ်တော်က
==============================
''ကျွန်မ ခဏခဏ ပြောတယ်။ ပြဿနာတွေက အခုလည်း ရှိမှာပဲ၊ နောင် လည်း ရှိမှာပဲ။ ဒီပြဿနာ
တွေကို ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းမယ်ဆိုတာ သာ အရေးကြီးတာ။
အကောင်းဆုံး ဖြေရှင်းပုံဖြေရှင်း နည်း တွေကို ကျွန်မတို့ သုံးနိုင်ရမယ်။
အခြေခံအားဖြင့်တော့ ဆွေးနွေးပြီးတော့ အပေးအယူ လုပ်နိုင် ရမယ်။ အပေးအယူ
မလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လိုမှ မတိုးတက်နိုင် ဘူး'' (၂၀၁၂ ဒီဇင်ဘာ လက်ပံတောင်းတောင် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားချက်)
============================== ===============
ကျမတို့ ပထမဦးဆုံးက တရား ဥပဒေစိုးမိုးရေးလို့ ပြောပါတယ်။ နောက်ပြီးတော့မှ ပြည်တွင်း ငြိမ်းချမ်း ရေး၊ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စိုးမိုးရေး။ အဲဒီမှာ ကျမတို့က အဓိက က ဖွဲ့စည်းပုံအခြေခံ ဥပဒေ စိုးမိုးရေး - ပြုပြင်ရေးပေါ့နော်။ ပြုပြင်ရေးမှာ တပ်ကို ဖယ်ရှားမယ်ဆိုတာဟာ အဓိက မဟုတ် ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ကိုက်ညီအောင်လုပ်ဖို့ ပါပဲ။ အဲလို လုပ်တဲ့နေရာ မှာ ကျမတို့ဟာ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်သွားချင်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြော ထားပြီးပါပြီ။ ပြောထားပြီးသား ဖြစ်ပါတယ်။
(ဗွီအိုအေ၊ ၁၉ စက်တင်ဘာ ၂၀၁၂)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော် နဲ့အတူ လက်တွဲ
လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါ တယ်။
(ဆိုးလ်မြို့၊ အာရ်အက်ဖ်အေ၊ ၁ ဖေဖော်ဝါရီ ၂၀၁၃)
==============================
အမေလုပ်ခဲ့တဲ့ ကစားကွက်တွေနဲ့ .. အပေါ်က အမေပြောခဲ့တဲ့ စကားတွေကို တစ်ဆင့်ချင်း ပြန်တွေးမိတယ်။ ကျွန်တော်တို့ ရေးရေးလေး .. သဘောပေါက်မိပါတယ် ..အမေ..။
အပေး၊ အယူ ဆိုတာကို .....။ဘာပဲပြောပြော ...တစ်ခုခုကို တွေးမိလာသလိုပဲ....။
အမေ့ကို ပိုလည်း လေးစားမိ လာသလိုပဲ...။တချို့ အစီအစဉ်တွေကိုတော့ လိုက်မတွေးနိုင်သေးဘူး အမေ..။..
---------------------------
တချို့ဟာတွေက ကြိုတင်စီစဉ်ထားသလားထင်ရအောင် အံ့အားသင့်ရပါတယ်....။
မှတ်မိသလောက်ဆိုရင် ..။
နိုင်ငံရေး အကျဉ်းသားစာရင်း NLD ကကောက်ပြီးမကြာဘူး.။
စာရင်းထဲက အကျဉ်းသားအများစု လွှတ်ပေးတာတွေ..။
-----------------------
လွတ်တော်မှာ လူကြီးများပိုင်ဆိုင်မှုအဆို NLD က တင်ပြီး နောက်နေ့ သမ္မတခမျာ ပိုင်ဆိုင်မှုစာရင်းကို လူကြီးများကို တိုးတိုးတိတ်တိတ် တင်ခိုင်းခဲ့ရတာတွေ...။
---------------------
တစ်နိုင်ငံလုံးက ပြည်သူတွေ လာရောက်ကုသနေတဲ့ ရန်ကုန် ပြည်သူ့ဆေးရုံအတွက် အမေကိုယ်တိုင် လွှတ်တော်မှာ အဆိုတင်ပြီး အတည်ပြုပြီး မကြာဘူး..။ နီပွန်ဖောင်ဒေးရှင်းက အမေ့ကို ကမကထ ရန်ကုန် ပြည်သူ့ဆေးရုံကြီးအတွက် ဒေါ်လာ သန်း (၁၀၀) လှူဒါန်းဖို့ စီစဉ်ခဲ့တာတွေ..။
----------------------
လက်ပံတောင်း တောင် ကိစ္စ စုံစမ်းဖို့ ကော်မရှင်ဖွဲ့ဖို့ အဆိုကို တင်တဲ့အခါ ကာဝန်ကြီးကိုယ်တိုင် လာရှင်းပြရတာတွေ...။ အဲဒါတွေဟာ .. အတိုက်အခံ ပီသတဲ့ ကစားကွက်တချို့ပါ .. အမေ..။
------ အများကောင်းဖို့ အတွက်လုပ်တဲ့နိုင်ငံရေးလုပ်တဲ့ ဦးတည်တဲ့အခါမှာ အမုန်းခံရရင် လဲ ခံရမှာပဲ ဒီဟာကိုခံရဲရမယ်၊ ဒီလိုမခံရဲလို့ရှိရင်လည်း နိုင်ငံရေး မလုပ်နဲ့လို့ ကျွန်မပြောချင်ပါတယ်၊ ပေါ်ပြူလာဖြစ်ချင်လို့ နိုင်ငံရေး လုပ်တာမျိုးကိုတော့ လုံးဝအား မပေးပါနဲ့လို့ ကျွန်မတို့ရဲ့ပြည်သူ ပြည်သားတွေကို ကျွန်မတိုက်တွန်း ချင်ပါတယ်။ ---------
(၆၆ ကြိမ်မြောက် မွန်အမျိုးသား နေ့ (ရန်ကုန်))

ငရဲသား