Monday, March 18, 2013

NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပပုံကို မကြိုက်တဲ့အတွက် ကယားပြည်နယ်က ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်တယ် ဆိုတဲ့သတင်း မမှန်ကန်

 ၂၀၁၃-၃-၁၈                                                                                                                  NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပပုံကို မကြိုက်တဲ့အတွက် ကယားပြည်နယ်က ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်တယ် ဆိုတဲ့ သတင်း မှန်ကန်မှု မရှိကြောင်း ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ဒီဗွီဘီ ကို ပြောပါတယ်။ ကယားပြည်နယ်မှာ NLD ပါတီဝင် ၁ သောင်းကျော် မရှိတဲ့   အပြင် မတ်လ ၁၇ ရက်နေ့အထိ နှုတ်ထွက်ကြောင်း တင်ပြစာ တစ်စောင်မှလည်း ရောက် မလာသေးကြောင်း သူက ပြောပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ဆောင်ရွက်    တဲ့ လက်ပန်းတောင်းတောင် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာကို မကျေနပ်လို့ မုံရွာမြို့က NLD     ပါတီဝင် တစ်ထောင်ကျော် နှုတ်ထွက်တယ် ဆိုတာလည်း တရားဝင် အကြောင်းကြားစာ၊       နှုတ်ထွက်စာဘာမှ ရောက်မလာသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။