Monday, January 21, 2013

KIA စစ်ဆင်ရေးအပေါ် အစိုးရ၏နောက်ဆုံးညွှန်ကြားလွှာ


ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၂၁) ရက်နေ့
အစိုးရသည် KIA ဌာနချုပ်လိုင်ဇာကို ဇန္နာဝါရီ (၂၁)ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ် စစ်ဆင် ရန်ညွှန်ကြားထား သည်ဟုသိရှိထားပါကြောင်း KIA အရာရှိတဦးကဆိုပါသည်။

“ အစိုးရဖက်က အမိန့်ပေးထာတာက စခန်းသိမ်းတိုက်ပွဲကို ယနေ (၂၀) ရက်နေ့ ညမှစ၍ ၂၄ နာရီ  အတွင်း အပြီးသတ် ထိုးစစ်ဆင်သွားဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ သိရတယ်လေ။ သဘောက နိုင်ငံတကာကနေ ဖိအား အတော်ပေးခံ နေရပုံ ပါတယ်။ ပြီးတော့ လိမ်တယ်လေ၊ တဖက်    က အပစ်ရပ်ပြီးလို့ ပြောနေတဲ့အချိန်မှာ တဖက်က အပြင်းအထန်ကိုစစ် ဆင်နေတယ်ဆိုတဲ့   ပြင်ပမီဒီယာတွေကလည်း ပြောနေတော့ ပေါ်ကုန်တာပေါ့။ ဒါကြောင့် နောက်ဆုံး ညွှန်ကြားတာဖြစ်  မယ်” ဟုဆိုပါသည်။

လဂျားယန်ဒေသ ခယာဘွမ်(Hka Ya Bum)စခန်းကို ၂၄ နာရီအပြီးသိမ်းပိုက်ရန် ညွှန်ကြားခြင်း ဖြစ်     ဖွယ် ရှိပါသည်။ယင်း ခယာဘွမ်ထိုးစစ်ကို အပြီးသတ်ရန် ဇန်န၀ါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်     ကာ ထိုးစစ်ဆင်ခဲ့သော်လည်း အကျ အ ဆုံးများသဖြင့် ရည်မှန်းချက်ကို မရရှိဘဲဖြစ်နေပါသည်။

အစိုးရ၏ လဂျားယန်တပ်ဖွဲ့များသည် ဇန်န၀ါရီလ ၂၀ ရက် မနက် ၈ နာရီအချိန်တွင် ခယာဘွမ်၏ အရှေ့ဘက် ခြမ်းမှ လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်သော်လည်း အကျအရှုံးများနှင့် ထပ်မံပြန် ဆုတ်ခဲ့ရပါသည်။ ဒါအပြင်နေ့လည် ၁၂ နာ ရီတွင်လည်း ခယာဘွမ်၏အနောက်ဘက်နှင့်   မြောက်ဖက်မှပတ်ပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ပြန်သော်လည်း ရည်မှန်းသ လိုမဖြစ်ဘဲ အချီးနှီး ပင်ဖြစ်သွားခဲ့ပါသည်။

ညနေ ၆း၃ဝ တွင်လည်း လဂျားယန်တောင်ခြေ၌ရှိသော လဝါယန်အနီးမှ အစိုးရတပ်ဖွဲ့သည် လိုင်ဇာ ဖက်သို့ ထိုးဖေါက် ဖို့ကျိုးစားစဉ် မိုင်းကွင်းထဲသို့ ကျသွားသဖြင့် KIA တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံခဲ့ရပါသည်။

ခယာဘွမ်ကို ၂၄ နာရီဖြင့်အပြီး သိမ်းပိုက်ရေးစီမံချက်သည် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညပိုင်း၌ စတင်မည်ဖြစ်သည်။ ယင်း ၂၄ နာရီစီမံကိန်းတွင် ပန်ဝါဒေသ နယ်ခြားမှတ်တိုင်အမှတ် (၆) KIA တပ်စခန်းလည်းပါဝင်ကြောင်း သိရှိရသည်။

ဇန္နာဝါရီ (၂၁) ရက်နေ့ မနက်မှစပြီး အစိုးရလက်နက်ကြီးတပ်ဖွဲ့သည် စိန်လုံတောင်မှ မိုင်ဂျာယန်အနီး      ရှိ Maga Hket, Yaw Yung, Lagat Bum, Jan Mai, သို့ မြေကြီးတုန်အောင် ပစ်ခတ်နေပါသည်။   ထို့အတူ မိုင်ဂျာယန်နှင့်ခါယာတောင် ကျောကိုလည်း တောက်လျှောက်ပစ်ခတ်နေခဲ့ပါသည်။

ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်ခဲ့သော လဂျားယန်ဒေသ ထိုးစစ်တွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ် ရင်းများဖြစ်သည့် ခလရ (၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ ပါဝင် ခဲ့ပါသည်။ ဤအထဲ၌ ခလရ (၂၅၂)၊ (၂၅၈)မှ တပ်ရင်းမှူးနှစ်ဦး     သည်လည်း ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခလရ (၂၅၈) သည် တပ်ပျက်သွားခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။

အစိုးရ၏ နောက်ဆုံး၂၄ နာရီ စစ်ဆင်ရေး ရည်မှန်းချက်အောင်မြင်ပါက သမ္မတဦးသိန်းစိန်းမှ တနိုင်ငံလုံးအပစ် အ ခတ်ရပ်စဲကြောင်း ကြေညာရန် ရှိသည်ဟုဆိုပါသည်။