ပြန်ပေးဆွဲသလိုဖမ်းတာ ဒီမိုကရေစီလား
၁၂.၂၀၁၂. ရက်နေ့ ၁၂ နာရီ ၁၃ မိနစ်အချိန်ခန့်က မုံရွာ ကျောက္ကာလမ်းရှိဗဟိုလ်မီးသတ်ရုံးရှေ့က
မြင်ကွင်း
ဒါဆိုရင် ဆန္ဒပြရတဲ့ကိစ္စကဘာကြောင့်လဲ ရဲတပ်ဖွဲ့ ၏ လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းခဲ့
ရာမှာ မီးလောင်ဖုံးတွေသုံးပြီး ဓါတုမျက်ရေယိုပုံးတွေအသုံးပြုခဲ့လို့  ရဟန်းသံဃာတွေ မီးလောင်ခံ
မီးရှို့ ခံရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ်။အပြစ်ရှိတဲ့လို့ ယူဆပြီး တောင်းပန်ပွဲတောင်လုပ်ခဲ့တဲ့
ရဲ့ အဖွဲ့ ကို ဖမ်းဆီးဖို့  ဘာကြောင့်အမိန့် မထုတ်တာလဲ၊ဥကဒေမရှိဘူးလား၊ဥပဒေမဲ့လုပ်ရပ်လား။
ဒါဟာ ကမ္ဘာ့စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို အကူအညီတောင်းသင့်တယ်။ ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိစေရဘူး ဆိုတဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းရဲ့ စကားဟာ ဘာလဲ၊၊
ဘာသာရေးကိုလည်းရိုင်းဆိုင်းစွာ စော်ကားခဲ့တာဟာ သန်ု့ ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရ
တရပ်ရဲ့ လုပ်ရပ်လား။ပေါ်လွင်နေပါပြီး မင်းသားခေါင်းဆောင်းပြပြီး နောက်ကွယ်က အာဏာရှင်တွေ
က အစိုးရရဲ့ အုပ်ချုပ်ရေးမှာ ကြိုးကိုင်နေတယ်ဆိုတာထင်ရှားနေပါပြီ၊ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ ဒီအတိုင်းပဲငုံခံနေမှာလား အတုအယောင်အစိုးရကို ပြုတ်ချပြီး စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ ပေါ်ထွန်းလာအောင်ကြိုးစားကြမလား၊တိုင်းပြည်ပြောင်းလဲရေးအတွက် သံဃာတွေ၊နိုင်ငံရေး သမားတွေ၊ကျောင်းသားတွေလယ်သမားတွေကတော့ အသက်ကိုရင်းခဲ့ကြပြီ၊ပြည်သူတွေနဲ့  လွတ်တော်အမတ်တွေက တရားဥပဒေစိုးမိုးရေးအတွက် တက်ညီလက်ညီဆောင်ရွက်ကြမယ်ဆိုရင် အာဏာရှင်တပိုင်းအစိုးရကို ပြည်သူ့ အင်အားနဲ့  အပြည်လုံးသပိတ်ကြီးစလိုက်ကြရအောင်။
တနိုင်ငံလုံးပူးပေါင်းဆောင်ရွက်ရင် ဖြစ်နိုင်ပါတယ်။အတွေ့ အကြုံတွေလဲရှိပြီးသားပါ။နိုင်ငံတကာမှာ
တော့ တိုင်းပြည်အတွက်အကြိုးမပြုတဲ့ အစိုးရကို ပြည်သူတွေ၊လွှတ်တော်အမတ်တွေက ဆန့် ကျင်
ဆန္ဒပြရင်၊ အစိုးရက ပျက်သိမ်းပေးရတာ ဒီမိုကရေစီဘဲ၊ကဲ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအစိုးရဟုတ်
မဟုတ် ဦးသိန်းစိန်အစိုးရကို စမ်းလိုက်ကြရအောင် People Power ကိုပြလိုက်ကြရအောင်။