ဒီဇင်ဘာလ ၂ ရက် ၂၀၁၂ခုနှစ်၊ သတင်း - RFA မြန်မာပိုင်း
မနေ့ကညနေပိုင်းမှာ သင်္ဃန်းကျွန်းရဲစခန်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးညီညီလွင် (ခေါ်) ဦးဂမ္ဘီရကို သန်လျှင်ရဲစခန်းက ထပ်မံခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၁ ရက်နေ့ညတွင်းချင်းမှာပဲ အင်းစိန်အကျဉ်းထောင် ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ဦးညီညီလွင်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၈)၊ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၇)၊ ပုဒ်မ(၄၅၄) တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ သင်္ဃန်ကျွန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပြီး မိသားစုက ထပ်မံ စုံစမ်းချက်အရ သန်လျှင်မြို့နယ် မှာလည်း ပစ်မှုကျူးလွန်တာမျိုး ရှိတယ်ဆိုပြီး အဲဒီကို ထပ်မံခေါ်ဆောင်သွားတာလို့ ဦးညီညီလွင်ရဲ့ မိသားစုဝင် ကိုအောင်ကျော်ကျော်က အခုလို ပြောပါတယ်။
"သင်္ယန်းကျွန်းရဲစခန်းမှူး ရဲအုပ်သန်းဇော်ဦး ဦးဆောင်တဲ့ (၁၅) ယောက်အဖွဲ့ကလာဖမ်းတာပါ၊ မနက်ကျတော့ ကျွန်တော်တို့က သင်္ယန်းကျွန်းရဲစခန်းကိုသွားတော
ဆေးဝါးကုသမှုခံယူဖို့၊ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံဖို့အတွက် ရန်ကုန်ကိုရောက်ရှိနေချိန်မှာ အခုလို အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အခုလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဦးညီညီလွင်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်းရေးမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ သံဃာတော်တစ်ပါးဖြစ်ပြီး တော်လှန်ရေး အပြီးမှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရကာ ၂၀၁၂၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။