Monday, December 10, 2012

ကြေးနီတောင် စီမံကိန်းသပိတ်စခန်းမှာ ဒဏ်ရာရ သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ကုသမည်

2012-12-09
(ကြေးနီတောင် စီမံကိန်းသပိတ်စခန်းမှာ ဒဏ်ရာရသံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူဆောင်ရွက်
မည်ဟုသိရပါတယ်)

မန္တလေးမှာ ဆေးဝါးကုသမူ ခံယူနေကြတဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲမှာ မီးလောင်ဒဏ်ရာ
ပြင်းပြင်းထန်ထန်ရခဲ့ရှိတဲ့ သံဃာတော် ၅ ပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီးဆေးဝါးကုသမူခံယူ
ဘို့  ဆောင်ရွက်နေပါတယ်။

ထိုင်းနိုင်ငံကိုပို့ဆောင်မယ့် သံဃာတော်တွေအနက် ဒီကနေ့ ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ 
ဆရာတော် ဦးသိက္ခဥာဏကို ပထမဆုံးရန်ကုန်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။