Monday, December 10, 2012

၂၁ နှစ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း အခမ်းအနား


ဒီကနေ့ နံနက် ၉း၀၀ နာရီက ၂၁ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်းနှင့် ထောက်ခံဆန္ဒပြခဲ့သော ကျောင်းသားလူငယ်များ 10/D ဧ။် အမှတ်တရအခမ်းအနား ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ ယုဒဿန်ရိပ်သာမှာ ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ အစီအစဉ် ၉ ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီအခန်းအနားကို NLD နာယက ဦးတင်ဦး ၊ဦးဝင်းတင်နှင့် ဝါရင့်နိုင်ငံရေးသမားများ ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး နှင့် ၈၈ ကျောင်းသားများ၊ ကိုဒီငြိမ်းလင်းအပါအဝင် လူဦးရေ ၁၀၀ ကျော်တက်ရောက်နေကြပြီဖြစ်ပါတယ်။