Wednesday, November 21, 2012

"UNAIDS သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်ခံရ"




ဂျီနီဗာ၊ နိုဝင်ဘာ ၂၁
ဒေါ်အောင်ဆန်းစုကြည်အား ကုလသမ္ဂ၏ HIV/AIDS ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်တာဝန် ပေးအပ်ခဲ့ကြောင်း UNAIDS ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု ခန့်အပ်လိုက်သော တာဝန်အရ ဒေါ်အောင်ဆန်းစုကြည်သည် အေ့ဒ်စ်ရောဂါသည်များ ခွဲခြား ဆက်ဆံခံရမှုနှင့် ၄င်းတို့၏ ဘ၀အမည်းစက် အား ထိုးနှက်ခံရမှုတို့ကို တိုက်ဖျက်ရမည်ဖြစ်သည်။
“ထုတ်ဖော်ပြောဆိုခွင့် မရတဲ့သူတွေရဲ့အသံကို ကိုယ်စားပြုတဲ့သူ ဖြစ်ချင်ပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း UNAIDS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNAIDS အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ဆီဒိုက် က အဆိုပါတာဝန်အား ဒေါ်အောင်ဆန်းစု ကြည် လက်ခံလိုက်သည့်အတွက် အေဂျင်စီအနေနှင့် ဂုဏ်ယူမိသည်ဟု ဆိုသည်။
“ရွာငယ်လေးတွေကနေ မြို့ကြီးတွေအထိ အာဖရိက ကနေ အာရှအထိ လူတိုင်းလိုလိုဟာ   ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြောနေကြပါတယ်။ သူမဟာ စေ့ဆော်မှု
တစ်ခုပါ” ဟု ဆိုသည်။
Popular Myanmar News Journal