Wednesday, November 21, 2012

ဒီမိုကရေစီလိုချင်ရင် ကျွန်တော်တို့ကိုယ်တိုင် ကျင့်ယူရမယ်

2012-11-21
 မြန်မာနိုင်ငံဟာ တကယ်ကို မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက အားပေးနေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ရလိုက်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသား ဆက်ပြီးတော့ လျှောက်ဖို့ပဲ လိုတယ်။
ပြီးတော့ နောက်ကြောင်း ပြန်ချင်တဲ့ သူတွေရဲ့အားနဲ့ ကျွန်တော်တို့နဲ့ အားပြိုင်ရမှာတွေတော့ ရှိပါ     တယ်။ ဒါကတော့ ဘယ်ခေတ်မှာမဆို အသွင်ကူးပြောင်းရေး ကာလတွေမှာ ကြုံရတဲ့ ကိစ္စတွေပါ။ ဘယ်လိုပဲပြောပြော ကမ္ဘာကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ အဲဒီအသိကို ရလိုက်တဲ့အတွက် ပြည်သူတွေအားလုံးလည်း ပိုပြီးတော့ အားရှိသွားမှာပါ။ ကိုယ့်ကို      ကိုယ် ယုံကြည်မှုတွေလည်း တက်လာပါမယ်။ ကျွန်တော်တို့ ဘာကိုအဖြေရလိုက်လဲဆိုတော့ ဒီမိုကရေစီလိုချင်ရင် ကျွန်တော်တို့ကိုယ်တိုင် ကျင့်ယူရမယ်ဆိုတာ ရလိုက်တယ်။

- ကိုမင်းကိုနိုင်
( ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင
်)