Thursday, November 22, 2012

မကွေးတရားရုံးမှ ဧရာဝတီတိုင်းရေဘေးအတွက် အလှူလာခံသော ကိုမောင်မောင်စိုးအား အမိန့် ချမှတ်ခံရ

၂၀၁၂-၁၁-၂၂
ဧရာဝတီတိုင်းရေဘေးအတွက် အလှူလာခံသော New Pannyelann အဖွဲ.ကို အကူညီပေးခဲ့သဖြင့်
မကွေးမြို့ မြို့နယ် တရားရုံးတွင် တရားဆွဲဆိုခြင်းခံရပြီး အမှုရင်ဆိုင်နေခဲ့ရသော မကွေးမြို့
ပွင့်လင်းမှ ကိုမောင်မောင်စိုး ၏ အမှုကို တရားသူကြီးမှ အပြစ်ရှိသည်ဟု အမိန့်ချမှတ်ပြီး ဆွဲဆိုသော  ပုဒ်မ ၂ ခုအတွက် ၊ တစ်ခုကို ဒါဏ်ငွေ ၃၀၀
၀၀ ( သုံးသောင်း ) ကျပ်နှင့် နောက်တစ်ခုအတွက်      ဒါဏ်ငွေ ၃၀၀၀ ( သုံးထောင် ) ကျပ် ၊ပေါင်း ( သုံးသောင်းသုံးထောင်ကျပ် တိတိ ) ကို ပြစ်ဒါဏ်အဖြစ် ချမှတ်လိုက်သည်ဟု ယနေ့ သိရှိရပါသည်။  ကိုသူရသက်တင်