မြိတ်-ကော့သောင်း ပွင့်လင်းခရီးစဉ် သွားရောက်နေတဲ့ ၈၈မျိုးဆက် ကျောင်းသားများကို အခြေခံပညာကျောင်းသားသမဂ္ဂဝင်များ ကြိုဆိုနေသည့် မြင်ကွင်း
၂၀၁၂-၁၁-၂၂
၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊မင်းဇေယျ၊ကိုကိုကြီး၊ဌေးကြွယ်၊ ပြုံးချို၊ မသက်သက်အောင်တို့သည် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးခရီးစဉ်အဖြစ် မြိတ်-ပုလော-ကံမော်ဒေသများသို့ ယနေ့နိုဝင်ဘာလ၊(၂၂)ရက် နံနက်(၉း၃၀)နာရီကလေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြသည်။ အဆိုပါခရီးစဉ်တွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ
ကိုမာကီ၊ဇော်ဇော်မင်း၊ ဥာဏ်လင်း၊ ထက်အောင်၊ စောသာထူးတို့အဖွဲ့သည်
နိုဝင်ဘာလ၊(၁၈)ရက် က ကားလမ်းခရီးဖြင့် ကြိုတင်ထွက်ခွာခဲ့ကြပြီး
ဒေသခံများနှင့်တွေ့ဆုံခဲ့ကြသည်။ ၄င်းတို့နှင့်အတူ သတင်းမီဒီယာသမားများလည်းလိုက်ပါသွားကြသည်။