Friday, November 9, 2012

ရခိုင်ကျောင်းသားသမဂ္ဂ(ရကသ)များမှ သဘောထားကြေငြာချက် ၅ ချက် ထုတ်ပြန်

 ၂၀၁၂-၁၁-၉
ရခိုင်ကျောင်းသားသမဂ္ဂ(ရကသ)များမှ သဘောထားကြေငြာချက် ၅ ချက်ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နိုဝင်ဘာလ ၇ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သဘောထားကြေငြာချက် (၅)ချက်မှာ ၁။ ရခိုင်ပြည်နယ်ရှိ တက္ကသိုလ် အသီးသီးတွင် လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံး ဖြည့်ဆည်းပေးပါရန် 
၂။ ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ် ကောလိပ်အား စီးပွားရေး တက္ကသိုလ် အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေးပါရန် ၃။ တက္ကသိုလ် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်ရှိ ဘင်္ဂါလီကျေးရွာများအား အမြန်ဆုံး ဖယ်ရှားပေးပါရန်(ဘုမီကျေးရွာ၊ဘုမီလက်သမားကျေးရွာ၊
ခတင်ပိုက်ကျေးရွာ) ၄။ တက္ကသိုလ်ကျေုာင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသား /သူ များ နေထိုင်မည့် အဆောင်များ အမြန်ဆုံး ဆောက်လုပ်ပေးပါရန်နှင့်ပြည်နယ်အစိုးရ အနေနှင့်   ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောင်ရွက်ပေးပါရန် ၅။တရားမဝင် 
ဝင်ရောက် နယ်မြေ လုလာသော အကြမ်းဖက် ဘင်္ဂါလီလူမျိုး ကျောင်းသား/သူများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးပါရန် တောင်းဆိုလိုက်ကြောင်း သိရသည်။