Friday, November 9, 2012

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ကော်မတီဥက္ကဌများ
တွေ့ဆုံညှိနှိုင်း

 ၂၀၁၂-၁၁-၉
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ကော်မတီဥက္ကဌများ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ   လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့တို့၏ တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၇ရက်နေ့ နေ့လည် ၂း၃၀ မှ ၆း၃၀ အချိန်ထိ ကျင်းပခဲ့ပါသည်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပညာရေး ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။