Monday, November 5, 2012

တ.က.သ/ဗ.က.သ ဥက္ကဌ ဦးရာရှစ် ရာပြည့်အထိမ်းအမှတ်ကျင်းပ

၂၀၁၂ခုနှစ်၊နိုဝင်ဘာ (၅)ရက်နေ့မွန်းလွှဲ(၂)နာရီကရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်း ဆီစားသောက်ဆိုင်ခန်းမ၌ တ.က.သ/ ဗ.က.သ ဥက္ကဌ ဦးရာရှစ်ရာပြည့် အထိမ်း အမှတ် ကျင်းပခဲ့
သည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊သဘာပတိအဖွဲဝင်ဦးဝင်း တင်၊ ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်များ၊ အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊   ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်များ၊ ကျောင်းသား/ ကျောင်း သူ များ၊ နိုင်ငံရေး အကျဉ်းသားများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသားသမဂ္ဂသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ အခမ်းအနား ကျင်းပရေး   ကော်မတီကိုယ်စား ဦးခင်မောင်ချိုက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြော ကြား

သည်။ ထို့နောက် ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်များက အမှတ်တရ စကားများ   ပြာကြားခဲ့သည်။