Monday, November 5, 2012

ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့သားများမှ ပညာရေးအတွက် ထောက်ပံ့ငွေလှူဒါန်း


ယနေ့ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် Korean People for Democracy of Burma (KPDB)
 မှ President Yoo Jong Soon (ယခင်လွှတ်တော်အမတ်ဟောာင်း) နှင့်အဖွဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကဦးတင်ဦးထံသို့ ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့သားများမှ ထန်းတပင်အမေ့အိမ်ကျောင်းဆောက်လုပ်ရန်အတွက်လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ($3112)              ကို ကိုယ်စားလာရောက် လှူဒါန်းခဲ့သည်။ Mr. Yoo Jong Soon ဦးဆောင်သော KPDB အဖွဲ့သည် ကိုးရီးယားရောက်မြန်မာ့ဒီမိုကရေစီအဖွဲ့သားများအား အကူအညီပေးရုံမျှမက မြန်မာ့ဒီမိုကရေစီအရေး      နှင့် ပတ်သက်၍ ပညာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သောအဖွဲ့လည်း ဖြစ်သည်။   KPDB အဖွဲ့၏ဦးဆောင်မှုဖြင့် ကိုရီးယားနိုင်ငံမှပါမောက္ခများကလည်းအမေ့အိမ်ကျောင်းများသို့လာ    ရောက်၍ သင်ကြားမှုများပြု အစီအစဉ်ရှိသည်ဟု Mr.Yoo Jongက ရှင်းပြခဲ့သည်။ ထို့အပြင် ၎င်းက နာယကဦးတင်ဦးအား ကိုရီးယားနိုင်ငံသို့လာရောက်ပြီး မြန်မာ့ဒီမိုကရေစီ အရေးဖြတ်သန်းမှုများနှင့် ပတ်သက်၍ ဟောပြော ပို့ချပေးပါရန် ဖိတ်ကြားခဲ့သည်။
KPDB အဖွဲ့သည် နိုဝင်ဘာလ (၇)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံမည် ဖြစ်သည်။