Thursday, November 29, 2012

ဒေါ်အောင်ဆန်းစုကြည်အား မုံရွာ၊စစ်ကိုင်း လမ်းတလျှောက်ရှိပြည်သူများ ကြိုဆိုကြပြီး အတူလိုက်ပါလာ

 10:50AM မြင်းမူမှမုံရွာ
၂၀၁၂-၁၁-၂၉
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ မုံရွာမြို့သို့ ယာဉ်တန်းဖြင့် ထွက်ခွာလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲ အချိန်ခန့်တွင် စစ်ကိုင်းနှင့် အုန်းတောအကြားရှိ ကံတလူဘုရားအနီးတွင် ကြိုဆိုနေသည့်   ဒေသခံပြည်သူများအား နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်

သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို့ လေကြောင်းခရီးဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ထိုမှ မုံရွာသို့ ယာဉ်တန်းဖြင့် သွားရောက်နေခြင်း ဖြစ်သည်။ မူလသိရှိရသော အစီအစဉ်အရ   ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (နိုဝင်ဘာ ၂၉)တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင် လူထုဟောပြောပွဲ ပြုလုပ်မည်ဟု သိရသည်။
EMG