Thursday, November 29, 2012

တရုတ်သြဇာခံ မြန်မာအစိုးရ၏ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းမှု တနိုင်ငံလုံးမြို့ ကြီးများတွင် ဆန့် ကျင်ဆန္ဒပြမည်

 တရုတ်သြဇာခံ စီးပွားရေးဦးပိုင်လီမိတက်
 ၂၀၁၂-၁၁-၂၉
ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲမှုတွင် အာဏာပိုင်များက သပိတ်စခန်းများကို ကနဦးအနေဖြင့် မီးသတ်ပိုက်များနှင့် ထိုးခွဲခြင်း၊ လူထုချီတက်လာနိုင်မည့် လမ်းကြောင်းများနှင့် သပိတ်စခန်းများအတွင်း မျက်ရည်ယိုဗုံးများနှင့် ပစ်ခွဲခြင်း၊ ထိုသို့တင်းမာလျက်ရှိသောအခြေအနေကို အေးချမ်းစွာမဖြေရှင်းပဲ    နိုင်ငံခြားသားတရုတ်များ၏ အကျိုးစီးပွားဖက်ကို လိုက်ပြီး ထိခိုက်အနာတရ သေဆုံးအောင် အကြမ်းဖက်နှိမ်နင်းပါက တရုတ်သြဇာခံ စီးပွားရေးဦးပိုင်လီမိတက်အား သပိတ်မှောက်မည်ဖြစ်ကြောင်း
 နှင့် ဦးပိုင်နှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဘတ်စ်ကားလိုင်းများ၊ Taxi ကားများ၊ စူပါမားကတ်များ၊ ဘီယာနှင့် အခြားယမကာလုပ်ငန်းများ၊ ဘဏ်များနှင့် အခြားဆက်စပ်လုပ်ငန်း များမှထုတ်လုပ်ဖြန့်ဖြူးသော လူသုံးကုန်ပစ္စည်းများအား လုံးဝ(လုံးဝ)သုံးစွဲခြင်းမပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ကျောင်းသားလူငယ်ကွန်ယက်