Wednesday, November 28, 2012

အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ်ကန့်သတ် ဈေးမြင့်တင်ခြင်းအား
ပြည်သူ့ အင်အားဖြင့်ကန့်ကွက်မည်

လက်ရှိပြင်ဆင်လိုက်သော ဖုန်း အင်တာနက် အသုံးပြုခ ပြောင်းလဲ သတ်မှတ်ခြင်း ကို ပြည်သူ့ သက်သာချောင်ချိရေး အတွက် ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပါက၊ ................
ဒီဇင်ဘာ ၁၅ ရက် ( စနေ) နေ့တွင် ရန်ကုန် မြန်မာ့ ဆက်သွယ်ရေး ရုံးချုပ် အရှေ့ ဆန္ဒဖေါ်ထုတ်ခြင်း အခမ်းအနားကြီး အား တရားဝင် ခွင့်ပြုချက် တောင်းဆိုကာ လူထု လှုပ်ရှားမှုကြီး တခု ဖေါ်ဆောင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရေး စရိတ်စက ကြီးမြင့်မှုကြောင့် အခက်ကြုံ ကျပ်တည်းလာသော ပြည်သူ့တို့ဘက်မှ ကာကွယ်ရပ်တည်ပြီး ပြင်ဆင်လျော့ချပေးရန် နစ်နာဆုံးရှုံးသော နည်းပညာ သုံးစွဲသူ အပေါင်းက ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုကြမည်ဖြစ်ပါသည်။


အဆိုပါ နည်းပညာ နှီပ်ကွပ် ဈေးမြင့်တင်မှု ၊ လူထုပေါ် ဖိစီးစေမှုနှင့် ပတ်သက်ပြီး ကန့်ကွက် လိုသူ မည်သည့် အဖွဲ့အစည်း နှင့် မဆို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ထုတ်ပြန် ကြေငြာပါသည်။

အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ်ကန့်သတ် ဈေးမြင့်တင်ခြင်းအား ကန့်ကွက်သည့် လူထု အခမ်းအနားကြီး တရပ် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နည်းပညာဖြင့် နိုင်ငံကို မြင့်မားတိုးတက်စေ       လိုသူ အပေါင်းအား ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါသည် ။

နေမျိုးဇင်
0949328559
ညှိနှိုင်းဆောင်ရွက်သူ
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်