ရန်ကုန်၊ နိုဝင်ဘာ-၁၇
အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပြည်သူများမှ ကြိုဆိုကြမည်ဟု သိရှိရသည်။
မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ရောက်ရှိလာမယ့် အမေရိကန် ပြည်ထောင်စု
ရဲ့ သမ္မတအိုဘားမားရဲ့ ခရီးစဉ် လုံခြုံရေးအတွက် မြန်မာအစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တစ်သောင်းနီးပါးချထားရန်စီစဉ်နေသည်ဟု စုံစမ်းသိရှိရပါတယ်။

ထို့အပြင် အမေရိကန်နိုင်ငံသည် မြန်မာ့နိုင်ငံရေးကိုထောက်ခံအားပေးသော နိုင်ငံဖြစ်ပြီး သမ္မတ ဘားရက်အိုဘားမားသည် မြန်မာ့နိုင်ငံရေးကို မှုဝါဒပြောင်းလဲကျင့်သုံးခဲ့ရာ ယခုမြန်မာနိုင်ငံခရီးစဉ်
ဖြစ်ပေါ်လာခဲ့သည်။ကမ္ဘာ့ ဒီမိုကရေစီထိပ်တန်းနိုင်ငံကြီးမှ သမ္မတ လာရောက်ခဲ့ခြင်းဖြင့် မြန်မာဒီမို
ကရေစီအရေးတွင် ကူညီပံပိုးမှုများအမြောက်အများရရှိစေနိုင်ပြီး ကမ္ဘာ့နိုင်ငံများလည်း ပူးပေါင်းကူညီ
လာနိုင်သည်။မကြာခင်မှာဘဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လည်းလာရောက်ရန် စီစဉ်
ထားသည်။
မြန်မာအစိုးရ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကို တွေ့ ဆုံ
မည်ဖြစ်ပြီး တခြားပါတီများနှင့်လည်းတွေ့ ဆုံမည်။ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်လည်းတွေ့ ဆုံ
ရန်စီစဉ်ထားသည်ဟု သိရှိရသည်။