Monday, November 19, 2012

အမေရိကန်သမ္မတ အိုဘားမား ထိုင်းနိုင်ငံတွင်ရောက်ရှိနေ

၂၀၁၂-၁၁-၁၉
အမေရိကန်သမ္မတ အိုဘားမား ၁၈ ရက်နေ့ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံခရီးစဉ်မှာ
 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်တိုက်တွန်း အားပေးရန်နှင့်   ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်သူများကို အားဖြည့်ပေးရန် ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်နှင့်အတူပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံခရီးစဉ်မှာ စောလွန်းနေသည်ဟု 
 ဝေဖန်မှုများနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ကလည်း မြန်မာပြည်သူများကို အကူအညီပေးရန် နိုင်ငံတကာက ပါဝင်လုပ်ဆောင်လာခြင်းအပေါ် အားပေးကြောင်းနှင့် သမ္မတအိုဘားမား၏ ခရီးစဉ်မှာလည်း သင့်တင့်လျောက်ပတ်သောအချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ထောက်ခံပြောကြားသည်။