၂၀၁၂-၁၁-၂၈
လက်ပန်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးတောင်းဆိုဆန္ဒပြမှုတွေကို အင်္ဂနေ့ည ၁၂ နာရီနောက်ဆုံး
ထား ရုပ်သိမ်းဖို့ မြန်မာ့အသံက ကြေညာခဲ့ပါတယ်။
ဦးအောင်မင်းက ဆန္ဒပြခေါင်းဆောင်တွေကို ပြောကြားရာမှာ ” တရုတ်ကမူဆယ်ဘက်ကနေ ပစ္စည်းတွေ သွင်းပေးပြီး ထမင်း ကျွေးထားကြောင်း ၊တရုတ် ကျေးဇူး ကြီးမားကြောင်း၊ ပြောကြားခဲ့လို့  ပြည်သူတွေက
မခံမရပ်နိုင်ဖြစ်ပြီး သပိတ်မြှင့်တင်လာတာဖြစ်တယ်။ ဦးအောင်မင်းမှာ တာဝန်ရှိတယ်။ကိုယ်နိုင်ငံပြည်သူ
တွေကိုတော့ တာဝန်မဲ့တယ်လို့ ပြောဆိုပြီး တရုပ်ကိုမြှောက်ပင့်ပြောဆိုတာဟာ အကြံတူဥာဏ်တူတွေ
ဖြစ်နေလို့ ဘဲ။တရုပ်ရဲ့ စီးပွားရေးဟာ မြန်မာနိုင်ငံမှာ အနှစ်၂၀ကျော် သန်းပေါင်း ၁၃၅ သန်းရင်းနှီးမြုပ်
နှံထားပြီး ငွေကော လူပါ ကျူးကျော်ဝင်ရောက်လာနေပြီး အာဏာပိုင်တွေနဲ့  အကျိုးအမြတ်ထုတ်ကာ
ပြည်သူတွေကို အနိုင်ကျင့်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တယ်။ဒီလူတွေကို ပြည်သူကကျေးဇူးတင်ရ
မှာလား ၀န်ကြီးဦးအောင်မင်းရဲ့ ဇာတိပေါ်လာပြီ တရုပ်ကို မလွန်ဆန်ရဲဘူး။
တရုပ်ကကမ္ဘာမှာ ကွန်မြူနစ်စီပွားရေးနယ်ချဲ့ ဖြစ်နေပြီး နိုင်ငံတကာကို ငွေနဲ့ ပေါက်ကာ စီးပွားရေး
ဝင်ရောက်လုပ်ကိုင်ကာ ကမ္ဘာမှာ သြဇာညောင်းဖို့ လုပ်နေပြီး ဂျပန်၊ဖိလစ်ပိုင်၊ဗီယက်နံ တို့ ပိုင်ဆိုင်သည်
ကျွန်ငယ်လေးများကို နိုင်ငံကြီးတခုဖြစ်လာတော့ သူပိုင်တယ်ဆိုပြီး အငြင်းပွားနေပါတယ်။
မြန်မာနိုင်ငံမှာလည်း စီးပွားရေးအရ သြဇာညောင်းနေပြီး တရုတ်လူမျိုးများ မြန်မာပြည်အထက်ပိုင်းမှာ
လိမ့်ဝင်လာနေပြီး စီပွားရေးနဲ့ လူမျိုးရေးအရ မြန်မာနိုင်ငံကို နယ်ချဲ့ လာနေတာကို သတိထားသင့်တယ်။
ဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ကုမ္ဗဏီတို့အကျိုးတူ ပူးပေါင်းလုပ်နေသာလက်ပတောင်း ကြေးနီစီမံကိန်း
သည် အာဏာရှင်တို့ ၏ အကျိုးစီပွားသာဖြစ်သည်။ ပြည်သူတွေ တိုးတက်ကြီးပွားဖို့ နေနေသာသာ
လယ်မြေတွေကို မတရားသိမ်းပိုက်၊ဆန္ဒဖေါ်ထုတ်သူတွေကို အရေးယူဖမ်းဆီးတာဟာ ဒီမိုကရေစီ
နည်းနဲ့ ဖြေရှင်းတာမဟုတ်ဘူး၊၊ ဥပဒေမဲ့လုပ်ရပ်တွေကိုလက်မခံပါ တရားဥပဒေစိုးမိုးရေးနည်းဖြင့်သာ
ညှိနှိုင်းဖြေရှင်းသင့်သည်။