Thursday, October 25, 2012

ဦးဥာဏ်ဝင်း က Messenger နှင့် ပြည်မြန်မာ ဂျာနယ်နှစ်စောင်ကို တရားစွဲဆိုခြင်း


 ၂၀၁၂-၁၀-၂၅
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်း က Messenger နှင့် ပြည်မြန်မာ ဂျာနယ်နှစ်စောင်ကို တရားစွဲဆိုခြင်းမှာ တရားရုံးများအား မထေမဲ့မြင်ပြုမှု
အက်ဥပဒေအရ ဆွဲ ဆိုရခြင်းဖြစ်သည်။

ဦးဥာဏ်ဝင်းက မန္တလေးတိုင်းတရားလွတ်တော်တွင် Messenger နှင့် ပြည်မြန်မာဂျာနယ်
 ၂စောင်အား တရားရုံးများအား မထီမဲ့မြင်ပြုမှုအက်ဥပဒေပုဒ်မ ၂ နှင့် ၃ တို့အရ တရားစွဲတင်
ခဲ့သည်။

တရားစွဲတင်ရသည့် အဓိကအကြောင်းရင်းမှာ ဦးဥာဏ်ဝင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင်က ညွှန်ကြားရေးမှူးတစ်ဦးအား နေပြည်တော်ရှိတရားရုံးတွင် ဦးဥာဏ်ဝင်းသည် မဲလက်မှတ်များတွင် ဖယောင်းသုတ်ထား၍ ရေးခြစ်မရကြောင်း မမှန်သတင်းပို့ခဲ့သည်ဟု   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၂အရ ဦးတိုက် လျှောက်ထားတရားစွဲဆိုခဲ့သည်။

သက်ဆိုင်ရာတရားရုံးက ဦးဥာဏ်ဝင်းအပေါ်စွဲဆိုထားမှုကို သက်သေများစစ်ဆေးနေဆဲတွင် ကလောင်နာမည် ကို(ဥပဒေ)ဆိုသူရေးသားသော ဦးဥာဏ်ဝင်းသည် မမှန်သတင်းပေးမှုကို ကျူးလွန်ကြောင်းဆောင်းပါးကို အဆိုပါဂျာနယ် ၂စောင်က ထည့်သွင်းခဲ့ပါသည်။

တရားရုံး တစ်ရုံးရုံး က တရားဥပဒေကြောင်းအရ အပြစ်ရှိ/မရှိ ကို မစီရင်ခင် အထက်ပါကဲ့ သို့   ပြစ်မှုကျူးလွန်ကြောင်း ရေးသားခြင်းမှာ တရားရုံး များဧ။် စီရင်ပိုင်ခွင့်ကိုကျာ်လွန်ပြီး   ပြုမူရေးသားခြင်းဖြစ်သည်။

ဦးဥာဏ်ဝင်းအနေဖြင့် ဂျာနယ် ၂စောင်နှင့် မည်သည့်ပြဿနာမှမရှိသော်လည်း တရားရုံးများအား မထီမဲ့မြင်ပြုမှုအက်ဥပဒေအရ ထုတ်ဝေသူအယ်ဒီတာတို့လည်း တာဝန်ရှိကြောင်း လမ်းညွှန်စီရင်ထုံး များအရ ဂျာနယ်များကိုထည့်သွင်းစွဲ ဆိုရခြင်းဖြစ်သည်။