Thursday, October 25, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အာရှနိုင်ငံများ ထောက်ခံအားပေးမှု မြင့်မားလာနေ

၂၀၁၂-၁၀-၂၄
ယနေ့  ကျင်းပသည့် လွှတ်တော်သို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည်ကို လက်မှတ်ထိုးသည့်နေရာတွင် တွေ့ ရှိရပြီး သတင်းသမားအမြောက်အများ
က လိုက်လံ၍ သတင်းယူနေကြသည်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ
နိုင်ငံသားအများအပြားက ထောက်ခံအားပေးကြပြီး ကမ္ဘာ့ လူကြီး လူငယ်များက အတုယူဂုဏ်ပြုရ
သော မြန်မာအမျိုးသမီးအဖြစ် ထင်ရှားအောင်မြင်လာနေသည်။ ဒီမိုကရေစီနိုင်ငံကြီများသာမက 
ဘူတန်၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ဂျပန်၊ကန်ဘောဒီယား၊ထိုင်ဝမ်၊ဟောင်ကောင် စသည့်နိုင်ငံများ တွင် ထောက်ခံ အားပေးလာကြသည်ဟု သိရှိရသည်။