Saturday, August 4, 2012

X2O မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရသော ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်ပြီးနောက် ဆေးရုံသို့ရောက်ရှိနေ


၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း ကိုဖြိုးဝေအောင်ကို X2O မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ၃-၈-၂၀၁၂ သောကြနေ့ မွန်းလွဲပိုင်းတွင် ကိုဖြိုးဝေအောင်ကို အင်စိန်အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။  ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှ (အထူးအခပေးရသော) အထူးကုအခန်းသို့ ပို့ဆောင်ထားခဲ့ပါသည်
လောလောဆယ် မြင်တွေ့ခဲ့ရသော လက်ရှိအချိန်တွင် အသည်းကင်ဆာဝေဒနာခံစားနေရပြီး ကိုယ်အောက်ပိုင်းသေနေသည့် ကိုဖြိုးဝေအောင်ကို ယနေ့( သြဂတ် ၃-ရက် နေ့ ) တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးကပြောပါသည်။

မြင်တွေ့ရသော မြင်ကွင်းကတော့ စိတ်မကောင်းစရာပါ။ အခုတော့အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှာ ဆေးကုနေပါတယ်။