မွန်နိုင်ငံရေးအကျဉ်းသားဟောင်းများ၏
ထုတ်ပြန်ကြေညာချက်
၁၃၇၄ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်၊ (၂-၈-၂၀၁၂)
ယနေ့ကာလသည် ကြီးမားခက်ခဲသောပြဿနာများကို စားပွဲဝိုင်းဆွေးနွေးပွဲသို့ ရှေးရှုဦး
တည်နေသော ယဉ်ကျေးမှုကာလဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် ဤကာလကိုဖြတ်
သန်းဦးတည်နေသော အချိန်အခါဖြစ်ပါသည်။ ဤကာလတွင် ကျွန်ုပ်တို့သည် အတိတ်မှ
ဒဏ်ရာဒဏ်ချက်များကို မေ့ပျောက်ပြစ်ကာ ပိုမိုသိမ်မွေ့ ညင်သာသော ချဉ်းကပ်မှုဖြင့်
အနာဂတ်ကိုရင်ဆိုင်သင့်ပေသည်။ ဤသို့ သောအပြောင်းအလဲကာလတွင် အကျဉ်း
ထောင်အသီးသီး၌ ရှိနေကြကုန်သော နိုင်ငံရေးအကျဉ်းသားများကို မည်သို့ သောချည်
နှောင်ချုပ်ကိုင်မှုဖြင့် မရစ်ပတ်ဘဲ ချွတ်ယွင်းချက်မရှိ အမြန်ပြန်လွတ်ပေးရန်မှာ မြန်မာ
ပြည်သူတို့ ၏ အာသီသဖြစ်သည်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပါ။
ယခုလက်ရှိအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားသံဃာတော်တွေ(၄၉)ပါးရှိနေပါ
သေးတယ်လို့ အေအေပီပီထုတ်ပြန်ထားတဲ့စရင်းအရ သိရှိရပါသည်။ အကျဉ်းထောင်ထဲ မှာ
သံဃာတော်တွေ သင်္ကန်းဝတ်ခွင့်မရှိ၊ ဥပုဟ်လဲပြုခွင့်မရှိပါ။ ဘာသာရေးဆုံးရှုံးမှု တွေခံနေ
ရပါသည်။ မကြာမှီကာလတွင် ၀ါဆိုတော့မည်ဖြစ်ပါသောကြောင့် ကျန်ရှိနေ သော
နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေး၊ ဘာသာရေးစွဲချက်ဖြင့် ပြစ်ဒဏ်ကျခံနေ ရသော
တိုင်းရင်းပေါင်းစုံ ရဟန်းသံဃာတော်(၄၉)ပါးတို့ ကို ချွတ်ယွင်းချက်မရှိအမြန် ပြန်လွတ်ပေး
ရန် မွန်နိုင်ကျဉ်းဟောင်းများမှ အလေးအနက်တောင်းဆိုအပ်ပါသည်။
စားပွဲဝိုင်းဆွေးနွေးပွဲ အမြန်ပြန်စကြစို့ ။
ဒီုမိုကရေစီကူးပြောင်းရေး မုချအောင်ရမည်။
မွန်နိုင်ငံရေးအကျဉ်းသားဟောင်းများ
မော်လမြိုင်မြို့၊ မွန်ပြည်နယ်။