Sunday, August 5, 2012

မီဒီယာ ဖိနှိပ်မှုရပ်၊ ‘Stop killing the press’ စာတမ်းပါ တီရှပ်အကျီများဖြင့် ရန်ကုန်တွင် ဆန္ဒဖော်ထုတ်



ဇူလိုင်လ ၃၁ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနအောက်ရှိ အောက်မြန်မာနိုင်ငံ စာပေစိစစ်ရေး 
 အဖွဲ့က The Voice Weekly ဂျာနယ်နှင့် The Envoy ဂျာနယ်များကို ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့  တာနဲ့ပတ်သက်ပြီး ယနေ့ ( ၄-၈-၂၀၁၂ နေ့) နံနက် ၁၁း၀၀ မှ နေ့လည် ၁း၃၀ ထိ ၊ ရန်ကုန်တိုင်း၊ 
ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်(အောက်)Homeရုံးခန်းကနေ၊ဆူလေးအနားရှိ၊၃၁၊
လမ်းမှTheVoiceဂျာနယ်တိုက် သို့၎င်း၊ မြေနီကုန်း၊စမ်း ချောင်းရှိ၊ The Envoy ဂျာနယ်တိုက်
သို့၎င်း၊ ပြည်တွင်းရှိ ဂျာနယ်တိုက်က သတင်းထောက်၊အယ်ဒီတာတို့သည် ၄င်း၊ ပြည်ပအတွက်
 မီဒီယာသမားများသည်၎င်း၊ အရေအတွက် (၇၀) ကျော်သော သတင်းထောက်၊မီဒီယာ 
သမားများသည် မီဒီယာ ဖိနှိပ်မှုရပ်၊ ‘Stop killing the press’  စာတမ်းပါ အမည်းရောင် 
တီရှပ်တွေကိုကိုယ်စီ ၀တ်ပြီး စာပေနယ်ကလူတွေရဲ့လက်မှတ်တွေနှင့် ဂျာနယ်တိုက်က 
သတင်းထောက်၊ အယ်ဒီတာတို့၏ လတ်မှတ်  တွေကို ကောက်ယူခဲ့ကြပါတယ်။
ယင်းသို့လတ်မှတ်တွေကိုရေးထိုးကောက်ခံခဲ့ရတာကလည်း၊စာပေစိစစ်ရေးစည်းမျဉ်းစည်းကမ်း
များကိုချိုး ဖောက်သည် ဟုဆိုကာ ဇူလိုင်လအတွင်းက ဂျာနယ်နှစ်စောင်ထုတ်ဝေခွင့်ရပ်ဆိုင်း
လိုက်တာ ကြောင့်ဖြစ် ပါ တယ်။            ဤသို့ကောက်ခံရရှိသောကန့်ကွက်သည့်ဆန္ဒသဘောထားကြေညာချက်လတ်မှတ်တွေကို
သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့၎င်း၊ ထိုနောက် အားကစားယဉ်ကျေးမှုနှင့်ပြည်သူ့ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ တို့ထံသို့၎င်း၊ စာပေနယ်ကလူတွေရဲ့လက်မှတ်တွေနှင့် ဂျာနယ်တိုက်ကသတင်းထောက်၊ အယ်ဒီတာတို့၏ လတ်မှတ်တွေကိုပေးပို့သွားမည်ဟု သတင်းလွတ်လပ်ခွင့်ကော်မတီမှပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေးက ပြောပါသည်။
            ” မီဒီယာများဖိနှိပ်မှုရပ် ဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲ လမ်းကြောင်းတွင်လည်း မြေနီကုန်း
တွင် ၈၈- ကျောင်းသား ကိုမင်းကိုနိုင်၊ ကိုပြုံးချိုတို့ပါ ပါဝင်ပူးပေါင်းခဲ့ပါသည်။