9-8-2012, Yangon
တရားဟောခွင့်-၂၀၁၁-ဒီဇင်ဘာလ၊ကတည်းက
နိုင်ငံတော်သံဃာ့မဟန ဆရာတော်တွေက တရားတော်များ ဟောခွင့်၊ ဆိုခွင့်ပိတ်ထားခြင်းကို ခံခဲ့ရသောဒယ်အိုးဆရာတော်
ဥူးသုမင်္ဂလသည်
ယနေ့ (၉-၈-၂၀၁၂) ရန်ကုန် လေဆိပ်မှ စင်္ကာပူနိုင်ငံသို့ကြွရောက်မည်ဟု ဒယ်အိုးဆရာတော်
ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။
ဆရာတော်သည်
အမေရိကန်မှ ဘုန်းတော်ကြီးတစ်ပါးက စပွန်ဆာပေးလို့ နိုင်ငံခြားခရီးစဉ်ကိုသွား
ဖြစ် တာ
ဖြစ်ကြောင်း၊ စပွန်ဆာပေးထားသော အမေရိကန်မှ ဘုန်းတော်ကြီးသည်လည်း ယခုလက်
ရှိ မြန်မာပြည်သို့
ရောက်နေခိုက်ဖြစ်၍ အရှင်ဘုရား၊အခု မြန်မာပြည်မှာလည်းတရားဟောခွင့်ပိတ်
ထားခံရတာနည်းအတူတူအရှင်
ဘုရားကို ကြည်ညိုလေးစားမှုရှိနေကြတဲ့၊ အရှင်ဘုရားကို နိုင်ငံခြား
သို့ ကြွရောက်လာစေချင်ကြတဲ့ဒကာ၊ဒကာမ
တို့၏ စေတနာ၊သဒ္ဓါတရားကိုငဲ့ပြီး တရားရေးအေး
လေးတွေ တိုက်ကျွေးဖို့ အားထုတ်ပေးပါ့လားဆိုလို့
အေး ရရင်လည်း သွားရတာပေါ့ဆိုပြီး အမေရိ
ကန် ဗီဇာလျှောက်ကြည့်တာ ရခဲ့လို့ ကြွဖြစ်တာဖြစ်ကြောင်း၊
ထို့ကြောင့် ဆရာတော်အနေနဲ့ ပထမ
ဆုံး စင်္ကာပူနိုင်ငံကို ရန်ကုန်ကနေ ကြွရောက်ပြီး၊ ဂျပန်နိုင်ငံသို့
၁၀-၈-၁၂-နေ့ အရောက်ကြွရောက် ရမည်ဖြစ်ကြောင်းမိန့်ဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာရှိနေတဲ့
မြန်မာဒကာ၊ဒကာများက ဆရာတော် ထံမှ တရားတော်များကို နာယူဖို့ပြင်ဆင်ထားတာအဆင်သင့်ရှိနေတဲ့အတွက်ကြောင့်
၂၀-၈-၁၂
ရက်နေ့ထိ (၁၀) ရက်တိုင်တိုင် ဂျပန်နိုင်ငံတွင်သတင်းသုံး၍ ပင့်ဖိတ်ထားသောနေ ရာအသီး
သီးသို့
တရားတော်များကို ဟောကြား ပေးသွားမည်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါတယ်။
၂၀-၈-၁၂- ရက်နေ့ရောက်ရင်တော့ ဂျပန်နိုင်ငံမှ
အမေရိကန်နိုင်ငံသို့ ကြွရောက်ပြီး ဂျပန်နိုင်ငံမှာကဲ့သို့ ဒယ်အိုးဆရာတော်ကို ဖူးမျှော်ပူဇော်ရန်၊
တရားတော်များကိုနာယူရန်၊ လှူဖွယ် ၀တ္ထုအစုစုကိုလှူဒါန်းရန်ဆိုပြီး အစီအစဉ်တွေနဲ့ အဆင်သင့်ပြင်ဆင်ထားတဲ့
ပင့်ဖိတ် ထားသော ဒကာ၊ဒကာမတို့ ၏ နေရာဌာနအသီးသီးသို့ တရာတော်များကို ဆက်လက်ဟော ကြားပေး သွားမည်ဖြစ်ကြောင်း၊
အမေရိကန်နိုင်ငံမှာတော့ ရောက်တုန်း ရောက်ခိုက် စပွန်ဆာ ပေးတဲ့ ဘုန်းတော်ကြီး၏ အစီအစဉ်တွေဆွဲထားတဲ့အတွက်ကြောင့်
အချိန်အားဖြင့် ရက်ပေါင်း ၄၅-ရက်လောက်သတင်းသုံးနိုင်ရဖွယ်ရှိမည်ဖြစ်ကြောင်းမိန့်ဆိုခဲ့ပါတယ်။
သံဃာတော်တစ်ပါးအနေနဲ့ ၀ါတွင်းကာလမှာ
ခရီးရက်ရှည်သွားရတာနဲ့ပတ်သက်ပြီး လျှောက်ထား ကြည့်တော့လည်း တုံ (၃) တုံနဲ့ညီရင် ဘုန်းကြီးတစ်ပါး
ခရီးသွားနိုင်ကြောင်း၊တုံ (၃) တုံဟူသည်-ဖူးမျှော် ပူဇော်ရန်၊ တရားတော်များကိုနာယူရန်၊
လှူဖွယ် ၀တ္ထုအစုစုကိုလှူဒါန်း ရန် ဆိုတဲ့အချက်သုံးချက်ပင်ဖြစ်ကြောင်း ဒယ်အိုးဆရာတော်
ဥူးသုမင်္ဂလမှ မိန့်ဆိုခဲ့ပါသည်။
ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ
သမ္မတရုံးသို့တင်ပြခဲ့ရာမှ ၂၀၁၁၊ဒီဇင်္ဘာ ၉ ရက်နေ့ကကျင်းပသော နိုင်ငံတော် မဟန အစည်းအဝေးမှ
ဆုံးဖြတ်ချက်ချ၍ တရားဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။နိုင်ငံတော်မဟနမှဒယ်အိုးဆရာတော်သို့ပေးပို့သည့် တရားဟောခွင့်ပိတ်ပင်သည့် လျှောက်ထား
ပန်ကြားလွှာတွင်
၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ
တရား ဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။
နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်တွေမှ
တရားတော်များကို ဟောခွင့်၊ ဆိုခွင့်ပိတ်ထားခြင်းကို
ခံနေရသော ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလသည်
ပြည်ပနိုင်ငံအသီးသီးမှ မြန်မာပြည်သို့ပြန်ရောက်ပြီး
ဝါကျွတ် ကာလသို့ ရောက်တဲ့အချိန်ကြရင်လည်း
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နှစ် (၅၀) ပြည့်
ရွှေရတုပွဲကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။