၂၀၁၂-၆-၂၈
ကြားဖြတ် ရွေးကောက် ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အောင်နိုင်ရေးအတွက် အကူအညီပေးခဲ့သူ ဒက္ခိဏ သီရိမြို့နယ်မှ သားအဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရားစွဲဆိုထားသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာသား ဦးစံအေးနှင့် သားဖြစ်သူ ကိုနေခြည်ဦး တို့သည်ရွေးကောက်ပွဲ ကာလအတွင်း အသံချဲ့စက် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့အား မေလ ၁၁ ရက်နေ့တွင် ရာအိမ်မှူးမှ တရားလိုပြု၍ ရဲစခန်းတွင် တိုင်ချက်ဖွင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုဒ်မသည် ထောင်ဒဏ် ၇ နှစ်ဖြစ်ပြီး အာမခံမပေးတဲ့၊ ပြစ်ဒဏ်မြှင့်တဲ့ ပုဒ်မမျိုး တပ်ထားကာ အစိုးရတာဝန်ရှိသူတယောက်က အမှုဖွင့်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေများသည် နိုင်ငံတကာစံနှုန်းနှင့် ညီညွတ်မှုမရှိတာကို ဖေါ်ပြနေပါ
တယ်။ အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများတွင် ရွေးကောက်ပွဲအချိန်ကာလတွင် ရပ်ကွက် ကျေးရွာ
မြို့ နယ်များ လူအသွားအလာများသော ဘူတာရုံများ မီးပွိုင့်များ ပန်ခြံများတွင် မဲဆွယ်စည်းရုံးရေး
လုပ်ငန်းများတွင် အသံချဲ့စက်ကို အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်”ဟု စွပ်စွဲကာ ဥပဒေဖြင့်အရေးယူခြင်းသည် ဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်ရာရောက်
နေပြီး နိုင်ငံတကာမှ ကြည့်လျှင် အဓိပ္ပါယ်မရှိသော အစိုးရ၏ သိမ်ငယ်၍ အမြင်ကျဉ်းမြောင်းသော
လုပ်ရပ်ဖြစ်သောကြောင့် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို
သင်္ကာမကင်းဖြစ်စေပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ရွာအုပ်ချုပ်ရေး တရားဥပဒေများသည် ပြည်သူအားခြိမ်းခြောက်နေ
သောကြောင့် တရားဥပဒေစိုးမိုးရေးအတွက် တရားရေးမဏ္ဍိုင်များကို ပြန်လည်စီစစ်သုံးသပ်ရန်
အရေးပေါ်လိုအပ်နေသောအချိန်ပင်ဖြစ်ပေသည်။