၈၈- ကျောင်းသားခေါင်းဆောင်
ပွင့်လင်းအဖွဲ့ မှ ကိုကိုကြီး
ပရော်ဖက်ဆာ ဒေါက်တာအောင်ထွန်းသက်
( ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ ဥက္ကဋ္ဌ )
ဒါရိုက်တာ ဒေါ်နီလာမြိုင်
( ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ ဒါရိုက်တာ )
ဒေါက်တာ မြတ်ဥာဏစိုး
( အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် )
ဒေါက်တာ ညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
၂၀၁၂-၆-၂၉
ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ရဲ့ သုတေသနနဲ့ မူဝါဒ ရေးရာဌာနက ၂၀၁၁
ခုနှစ်နိုဝင်ဘာလမှ ၂၀၁၂မတ်လ အတွင်း ပြုလုပ်ခဲ့တဲ့ "မြန်မာနိုင်ငံတွက်
လုပ်ကိုင်လျက်ရှိသော ပြည်တွင်းလူ့အဖွဲ့အစည်းများ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်နိုင်သည်
့အခြေအနေများနှင့်အခွင့်အလမ်းများကိုဆန်းစစ်ခြင်း"ဆိုတဲ့ အစီရင် ခံစာထုတ်ပြန်တဲ့
အခမ်းအနားကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့က ဦးဆောင်ပြီး စင်ထရယ်ဟိုတယ် ဆဌမ အထပ်မှာ
ဇွန်လ ၂၈ရက်နေ့ နံနက် ၁၀ နာရီကနေ ၁၂ နာရီအထိ အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်း အနားကို ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ NGO အဖွဲ့တွေ ပြောင်းလဲသင့်တဲ့အချက်တွေ
အကြောင်းကို အကြံပေးပြောကြားပြီး၊ ၈၈ ကျောင်းသားခေါင်းဆောင် ပွင့်လင်းအဖွဲ့က
ကိုကိုကြီး၊ လည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ကိုဖြိုးမင်းသိန်း၊ ဒီမိုကရက် တစ်ပါတီ
(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ဥက္ကဋ္ဌ
ဦးဇိုဇမ်း၊ ဦးစောသန်းမြင့် (SNDP) အစရှိတဲ့ ပါတီတွေမှ ပါတီဝင်တွေ၊ NGO အသီးသီးမှ
တာဝန်ရှိသူတွေ၊ မီဒီယာတွေ စုစုပေါင်း အယောက် ၁၀၀ ခန့်တက်ရောက်ပြီး NGO
အဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ဆွေးနွေး အကြံပြုမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့
သိရှိရပါသည်။