Friday, May 25, 2012

Y-J အထည်ချုပ်ပိုင်ရှင်ကိုရီးယားလူမျိုး YOUNG JAE YOOနှင့် တွေ့ဆုံခြင်း

 

 ‘’နောက်ထပ်(၄၀) ရာခိုင်နှုန်း(၅၀)ရာခိုင်နှုန်း တိုးပေးပါဆိုရင်တော့ အလုပ်ဆက်မလုပ်နဲ့တော့ ကိုယ့်နိုင်ငံကိုယ်ပြန်ပါလို့ ပြောသလို သက်ရောက်ပါတယ်”လို့ဆိုတဲ့


  Y-J အထည်ချုပ်ပိုင်ရှင်ကိုရီးယားလူမျိုး YOUNG JAE YOOနှင့် တွေ့ဆုံခြင်း

ရှုမ၀အောင်(မြစ်မခ)
မေ(၂၄)ရက်၊၂၀၁၂ခုနှစ်။

ကိုရီးယားY  J အထည်ချုပ်စက်ရုံသည် မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည်မှာ လ(၂၀)ရှိပြီဖြစ် သည်။ ထိအတောအတွင်း ကျပ် သိန်းနှစ်ဆယ်ဝန်းကျင်ခန့် အရှုံးပြနေကြောင်း Mr-YOUNG JAE YOO  ကငြီးတွား သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အမြတ်ရရှိကြောင်း၊ အမြတ်ရရှိချိန်တွင် စက်ရုံဖွင့်ချိန်မှ စတင် အလုပ်လုပ်ခဲ့သော အလုပ်သမားများအား စက်ဘီးအစီး(၁၀၀)ကျော် ၀ယ်ယူပေးခဲ့ကြောင်း မီဒီယာ အချို့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။


 မေး။    ။ ပြည်သူလွှတ်တော်က အခြေခံလစာသတ်မှတ်ပေးရင်ရော အလုပ်သမားတွေကို ပေးဖို့အစီစဉ် ရှိပါသလား။ သူတို့တောင်းတဲ့ သုံးသောင်းကိုရော ပေးဖို့အစီစဉ်ရှိပါသလား။

ဖြေ။    ။ သူတို့တောင်းတဲ့ သုံးသောင်းကိုဘယ်လိုပဲဖြစ်ဖြစ် ပေးဖို့အစီစဉ်မရှိပါဘူး ဘယ်လိုပဲဖြစ်ဖြစ်လစာဆိုတာ ပေးတယ်ဆိုလို့ရှိရင် ဒီဘက်လဲ အကျိုးမြတ်ရှိမှ ပေးလို့ရမှာပါ၊ အော်ဒါတွေက ကြိုကြိုပြီးယူထားတာ(၉) လပိုင်း အတွက် အော်ဒါတွေယူထားပါတယ်၊

အဲဒါကြောင့် အခုလက်ပေးနေတဲ့လစာကို  ၂၀ ရာခိုင်နှုန်းလောက်တိုးပေး လိုက်မယ်ဆိုရင် ရမယ့် အကျိုးအမြတ်နဲ့ အကုန်လုံးကတွက်ချက်ပြီးပေးရတာဖြစ်တဲ့အတွက်ကြောင့် ချက်ချင်း ကြီး (၄၀)ရာခိုင်      နှုန်း (၅၀) ရာခိုင်နှုန်းတိုး   ပေးလိုက်မယ်ဆိုရင်တော့ စက်ရုံဘက်မှာလဲ အခက်ခဲရှိပါတယ်၊ အခုကလေးတွေကို (၂၀)ရာခိုင်နှုန်းတိုးပေးမယ်လို့ အစည်းဝေးမှာလဲပြောခဲ့ပြီးပါပြီ (၂၀) ရာခိုင်နှုန်းတိုး     ပေး တယ်ဆိုပေမဲ့ တခြားစက်ရုံတွေမှာ ဒီစက်ရုံထက် ပေးတယ်ဆိုရင် သူတို့ထက်မနည်းအောင် လိုက်ပြီးပေး ပေးမယ်။

 မေး။    ။အခြေခံလစာ သုံးသောင်းပေးမယ်လို့ တခြားစက်ရုံတွေနဲ့ ညှိထားတာရှိလား။

ဖြေ။    ။ အခုနှစ်ရုံ သုံးရုံနဲ့တော့တွေ့ထားပြီးပါပြီ၊ ဒါပေမယ့် အဲဒီစက်ရုံတွေကလဲ ချက်ချင်းကြီးဒီလောက် အများကြီးရာခိုင်နှုန်းအများကြီးချက်ချင်းတိုးပေးလိုက်ရမယ်ဆိုရင် လုပ်ငန်းတွေအဆင်မပြေတဲ့အတွက် ကြောင့်မို့ စက်ရုံပိတ်ရမယ့်အခြေနေရှိတယ်လို့ ပြေမယ့်ရုံတွေများပါတယ် ဒီစက်ရုံဆိုလည်း  လူက တစ်ထောင်ဝန်းကျင်ရှိသလို တစ်ချို့စက်ရုံတွေဆိုလဲ နှစ်ထောင်သုံးထောင်ထိရှိတဲ့ စက်ရုံတွေလဲရှိပါတယ်၊  ပေးလိုက်ရတာ တယောက်ကို သုံးသောင်းဆိုပေမယ့်လဲ တစ်ရုံလုံးအတိုင်းအတာနဲ့ဆိုရင် တစ်လတွက် လိုက်လို့ သိန်းထောင်နဲ့ချီရင် သူတို့အလုပ်ဆက် မလုပ်နိုင်တာတွေရှိပါတယ် ။

 မေး။    ။ ကလေးတွေ တောင်းတာကို ပေးမလား စက်ရုံသိမ်းမလားဆိုရင် ဘယ်ဟာကိုရွေးမှာပါလဲ။

ဖြေ။    ။ ဒါဆိုရင်တော့ စက်ရုံပိတ်ပါမယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးတိုးပြီးပေးထားတယ်ဆိုရင် လုပ်ငန်းတစ်ခု က ဆက်ပြီးလည်ပတ်နိုင်တဲ့အနေထားမျိုးဆိုရင် ဒီစက်ရုံဘက်ကလိုက်လျောဖို့ရှိပါတယ်၊ ဒါပေမယ့်ရုတ်တရက် ၄၀ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတိုးဖို့ဆိုရင် လုပ်ငန်းတခုလည်ပတ်ဖို့နေရာမှာ အခက်ခဲရှိပါတယ်၊ ဒါနိုင်ငံတကာ မှာပါ။ အခုစက်ရုံဘက်က စဉ်းစားတာကတော့ အလုပ်လဲတော်တယ် စက်ရုံမှာလဲ လုပ်သက်လဲကြာပြီ။

တတယ်လည်း တော်တဲ့သူတွေကို သုံးသောင်းဆိုလည်း တိုးပေးရတာအကြောင်းမရှိပါဘူး၊ အခုမှလဲစက်ရုံ ရောက်တယ် ရုံအကူးအပြောင်းနဲ့ အရည်ချင်းသိပ်လဲမရှိပဲနဲ့ လူတွေကို လိုက်တိုးပေးဖို့နည်းနည်းခက်ခဲပါတယ်။

 မေး။   ။ အကယ်၍ တိုးပေးမယ်ဆိုရင်တော့ လူရွေးပြီးတိုးပေးမယ့်သဘောလား။

ဖြေ။   ။ အခုဒီမှာ စဉ်းစားထားတဲ့နည်းလမ်းကတော့ ရာခိုင်နှုန်းနဲ့တိုးပေးမယ်။ တခြားစက်ရုံတွေလည်း ဒီလိုပဲ စဉ်းစားကြလိမ့်မယ်လို့ ထင်ပါတယ်။

 မေး။    ။ အနည်းဆုံးလစာဘယ်လောက်ပေးမယ် အများဆုံးဘယ်လောက်ပေးမယ် သတ်မှတ်ထားတာ ရှိပါသလား။

ဖြေ။     ။ ပြီးခဲ့တဲ့လကအထိ အလုပ်သမားတွေကို ပေးနေတဲ့ နှုန်းထားတွေရဲ့ (၂၀) ရာခိုင်နှုန်းကို တိုးပေးသွားမှာပါ။

 မေး။    ။ ဒါ့အပြင် တခြားနည်းလမ်းကောစဉ်းစားထားတာ ရှိပါသေးသလား။

ဖြေ။     ။ ပုံမှန်လစာပေးနေတဲ့စနစ်ကနေ ရုတ်တရက်ကြီး နောက်ထပ် (၄၀)ရာခိုင်နှုန်း (၅၀) ရာခိုင်နှုန်းတိုး ပေးပါဆိုရင်တော့ အလုပ်ဆက်မလုပ်နဲ့တော့ ကိုယ့်နိုင်ငံကိုယ် ပြန်ပါလို့ပြောသလို သက်ရောက်ပါတယ်။ ဒါပေမယ့် အခု ပထမနှစ်ဝက်ပိုင်းမှာ (၂၀) ရာခိုင်နှုန်းတိုးပေးမယ်။ နောက် အမြဲတမ်း တက်နေတာဆိုတော့။ နောက်နှစ်နောက်နှစ်တွေမှာလည်း ရာခိုင်နှုန်းလေးတွေနဲ့တိုးပေးသွားတာမျိုးဆိုရင်တော့ ပေးရတာလည်း အဆင်ပြေပါတယ်။

 မေး။    ။ အကယ်၍ အခြေခံလစာ ဘယ်လောက်ပေးရမယ်လို့ဥပဒေသတ်မှတ်လိုက်လို့   ပေးနိုင်တာထက် များနေရင် အလုပ်ဆက်မလုပ်တော့ဘူးလား သိပါရစေ။

ဖြေ။     ။ သတ်မှတ်တာကများသွားရင်တော့ အလုပ်မလုပ်နိုင်တော့ပါဘူး။ ရာခိုင်နှုန်းလိုက် တဆင့်ချင်း တိုးပေး သွားရင် အဆင်ပြေနိုင်ပါတယ်။တခြားနိုင်ငံတွေရဲ့လုပ်ခလစာတွေထက်များမယ်ဆိုရင်တော့ ခက်ခဲသွားပါလိမ့် မယ်။

ဗီယက်နမ်တို့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာက ဒီမှာလို မီးစက်နှိုးရတဲ့ စရိတ်တွေ ဖယ်ရီကားစီစဉ် ပေးရ တဲ့စရိတ်တွေထပ်မကုန်ပါဘူး။ ဒီစက်ရုံဆိုရင် ဖယ်ရီကား ၁၂ စီး ၁၃ စီး လုပ်ပေးနေရပါတယ်။ နောက်ပြီးတော့ import တွေ export တွေထွက်တဲ့အချိန်မှာ အရမ်းရက်ကြာတဲ့အတွက် ကုန်ကျစရိတ်များလာပါတယ်။ အဲဒါစရိတ်တွေပါ ထပ်ပေါင်းလိုက်ရင် ကလေးတွေပြောတဲ့အတိုင်း သုံးသောင်းတိုးပေးပါဦး ဆိုရင် လစာအနေ နဲ့မဟုတ်တောင် အခြားကုန်ကျစရိတ်တွေမှာ အရမ်းမြှင့်တတ်သွားတယ်။ အဲဒါဆို အလုပ်လုပ်ရတာ အရမ်း ခက်ခဲသွားပါမယ်။

 မေး။    ။ အဆင့်အလိုက် လစာပေးစနစ်လေးကို ရှင်းပြပေးပါ။

ဖြေ။     ။ အပြင်မှာရောက်နေတဲ့ကလေးတွေပြောတဲ့ (၁၀၀၀၀)၊ (၁၅၀၀၀)ဆိုတာ အခြေခံလစာကိုပြောတာပါ။
အလုပ်သမားဝန်ကြီးဌာနကိုလည်း အသိပေးပြီးသားပါ။ အခြေခံလစာအပြင် အုပ်ချုပ်မှုရာထူး supervisor , leader တွေအတွက် အုပ်ချုပ်ကြေး ဆိုပြီးတော့ (၄၀၀၀၀) ပေါင်းပေးတဲ့သူရှိတယ်။ (၁၁၀၀၀) ပေါင်းပေးတဲ့ သူရှိတယ်။

သူတို့အရည်အချင်းအလိုက်ထပ်ပြီး ပေါင်းပေးထားတာမျိုးတွေရှိပါတယ်။ ရုံတစ်ခုနဲ့တစ်ခုတော့ မတူပါ  ဘူး ။ ဒီမှာက လစာနဲ့ပေးတဲ့ရုံရှိသလို ticket နဲ့ပေးတဲ့ရုံလည်းရှိပါတယ်။ ticket ကသူတို့ချုပ်နိုင်ရင် ချုပ်နိုင်သလောက် ပိုရကြပါတယ်။ ၁၂၀၀၀၀ ရတဲ့ စူပါတစ်ယောက်ကချုပ်နိုင်ရင် ချုပ်နိုင်သလောက် (၁၄၀၀၀၀)၊(၁၅၀၀၀၀) ရပါတယ်။ ပြီးတော့ ၆ လပြည့်တဲ့ကလေးတွေတိုင်းကို လုပ်သက်ကြေး (၁၀၀၀) ပေးပါတယ် ။ တစ်နှစ်ဆက်တိုက် အလုပ်ဆင်းခဲ့တဲ့သူက (၄၀၀၀) ရပါမယ်။

အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ဆင်းရဲတဲ့သူတွေပါတဲ့အတွက်ကြောင့် ပေးကိုပေးရမယ့် ရှားပါစရိတ် (၁၀၀၀၀) ဆိုတာ ပေးပါတယ်။ အစိုးရ၀န်ထမ်းတွေမှာ (၃၀၀၀၀) တိုးလိုက်တဲ့ ခေါင်းစဉ်ပေါ့။ ရက်ပျက်တာမများအောင် ရက်မှန် ကြေးလည်း ပေးပါတယ်။ (၄၀၀၀) ပေါင်းပေးပါတယ်။ တစ်ရက်ပျက်တာနဲ့ (၄၀၀၀)လုံးကိုမလျှော့ပါဘူး။

 ပထမ ၁၅ ရက်မှာပျက်ရင် (၂၀၀၀) ဒုတိယ ၁၅ ရက်မှာပျက်တယ်ဆိုရင် (၂၀၀၀) အဲလိုခွဲထားပါတယ်။ တချို့က လည်း သူတို့အတွက်လူမှုဝန်ထမ်းကြေး မပေးဘူးလို့ထင်ကြတယ်။ ဒါပေမယ့် ဒီမှာ စာရွတ်စာတမ်းအပြည့် အစုံရှိပါတယ်။ လူမှုဝန်ထမ်းစရိတ်၊ ဖူလုံရေးအကုန်လုံးပေးပါတယ်။ OT ကြေးကတော့ တစ်ရက်အလုပ်ချိန် ၈ နာရီကျော်ရင် ပေးတယ်။ တစ်လကို ၂၆ ရက်နဲ့တွက်မယ်ဆိုရင် တစ်လမှာ (၈၈)နာရီလောက် အချိန်ပို ကြေးရတယ်။

အဲဒါတွေကြောင့် အခြေခံလစာ (၂၈၀၀၀) သတ်မှတ်ထားတယ်ဆိုပေမယ့် (၈၀၀၀၀) ရတဲ့သူ ရှိတယ် (၁၂၀၀၀၀) ရတဲ့သူလည်းရှိပါတယ်။ အနည်းဆုံးကတော့ (၄၅၀၀၀) ရပါတယ်။ အဲဒါက ၀င်ဝင်ချင်းသူ တွေရတာပါ။

 မေး။    ။ ခုနကပြောသွားတဲ့ တခြားနိုင်ငံတွေမှာ မသုံးရတဲ့စရိတ်တွေ ဖယ်ရီစရိတ်တို့ မီးစက်မောင်းရတာတို့ ဟာ ကလေးတွေကို လစာတိုးမပေးနိုင်တဲ့အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ။

ဖြေ။     ။ ခုနပြောတဲ့ ကုန်ကျစရိတ်တွေသာမရှိခဲ့ရင် အခုရှိတဲ့လစာထက် ပိုပြီးတိုးပြီးပေးနိုင်ပါတယ်၊ တရုတ်က ဖြင့်ဖြင့် ကိုရီးယားကနေဖြစ်ဖြစ် သင်္ဘာနဲ့တင်သွင်းလိုက်မယ်ဆိုရင် ဖိလစ်ပိုင် ဘာညာဆိုရင် ၅ ရက် တပတ် ကာစတန် RUN တာနဲ့ဆို ငါးရက်တပတ်ဆိုပြီးပါပြီ၊ ဒီနိုင်ငံမှာ ရက် (၄၀) ကြာပါတယ်၊ ဒါဆိုအလာမှာ ရက် ၄၀ ရှိတယ် အထွက်မှာ ရက်(၄၀)ရှိတယ်။

စက်ရုံက အော်ဒါဒိတ်တွေနဲ့ပေးရတာ အဲဒါတွေနောက်ကျရင် နောက်ကျ သလို airlineကနေ ပို့ရတာတွေလဲရှိတယ်၊ မီးစက်ဆိုရင်လဲ ဒီဇယ်မီးစက်အကြီးကြီးက တစက်ရုံလုံးလည်ပတ်ဖို့ ဆိုတာအခက်ခဲရှိတယ် ဖယ်ရီကားကလဲ ကြည့်လိုက်မယ်ဆိုရင် ဖယ်ရီကားတစ်စီးနှစ်စီးဆိုပေမယ့် အများကြီး ပေါင်းလိုက်ရင် ကုန်ကျစရိတ်တွေအများကြီးရှိတယ် ဒီဘက်မှာလဲ အကျိုးသက်ရောက်မှုရှိပါတယ်။

 ကျေးဇူးတင်ရှိပါသည်။