Wednesday, May 16, 2012

အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

မေလ ၁၃ ရက်နေ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီရဲ့ သီရိခမ်းမမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၃၀၀ ကျော်တက်ရောက်လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အင်အားကောင်းလာစေဖို့ အတွက် ပြည်သူတွေကို အခြေခံပညာပေး ဟောပြောပွဲတွေကို မြို့ တိုင်းရွာတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနေနဲ့  ပညာရှင်များဖြင့် ပူးပေါင်းပြီး ကျယ်ကျယ်ပြန့် ပြန့်  ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။