Thursday, May 17, 2012

မြန်မာနိုင်ငံ အင်တာနက်ဝန်ဆောင်မှုနှင့် Email SMS မေးလ် ၀န်ဆောင်ဝန်မှု လုပ်ငန်းများ နိုင်ငံတကာစံချိန်မမှီသေး

GSM မိုဘိုင်းလ်ဖုန်းများတွင် အခမဲ့ SMS ပို့နိုင်မည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ယနေ့ ညနေပိုင်းက The Voice Weekly သို့ အတည်ပြု
 ပြောကြားသည်။GSM မိုလ်ဘိုင်းဖုန်းများတွင် SMS ပေးပို့ရာ၌ အသုံးပြုခ ဖြတ်တောက် ကောက်ခံ
ခြင်း မရှိ ဟူသော သတင်းများ ယနေ့ နေ့လည်ခင်းမှ စ၍ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများနှင့် အင်တာ
နက် စာမျက်နှာ များ ပေါ်တွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါ
အတိုင်း ဖြေကြားခြင်း ဖြစ်သည်။


ထို့အပြင် SMS ပေးပို့ရာတွင် စနစ်က ကျသင့်ငွေ မဖြတ်တောက် ခဲ့သည်များ ရှိလျှင်လည်း ၎င်းတို့က   ပြန်လည် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ အင်တာနက်ဝန်ဆောင်မှုနှင့် Email SMS မေးလ် ၀န်ဆောင်ဝန်မှု လုပ်ငန်းရှင်များသည်
နိုင်ငံတကာ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကွာဟနေပြီး စီမံခန့် ခွဲသူသည် နိုင်ငံတကာ
အမေရိကန်နှင့် အနောက်နိုင်ငံများ အာရှ စင်ကာပူ ကိုရီယား ဂျပန် တိုင်ဝမ်စသည့်နိုင်ငံတို့ တွင် 
အင်တာနက်လုပ်ငန်း၏ ဥပဒေများတွင် Email SMS မေးလ် အခမဲ့ပို့ ဆောင်နိုင်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတကာစံချိန်မှီ လုပ်ငန်းဥပဒေများကို လေ့လာပြီး ခေတ်
နှင့်အညီ လုပ်ငန်းဝန်ဆောင်မှုကဏ္ဍများကို ပြင်ဆင်ကာ ပြည်သူအများကျယ်ကျယ်ပြန့် ပြန့် သုံးစွဲနိုင်
ရန် သက်သက်သာသာဖြင့်  နိုင်ငံတကာစံချိန်မှီ နိုင်ငံတော်မှ ကူညီဆောင်ရွက်သင့်ပေသည်။