Thursday, May 17, 2012

ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်စစ်ဝါဒီတွေကို ဆန့် ကျင်ကြ

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်   နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် ထိပ်ပိုင်းအရာရှိတွေနဲ့   တွေ့ဆုံမှာဖြစ်ပါတယ်။
“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အမေရိကန်-မြန်မာဆက်ဆံရေး ပြုပြင်ပြောင်းလဲဖို့ အတွက် အရင်းအနှီးကြီးကြီးမားမားနဲ့ လုပ်ဆောင်ခဲ့ပေမယ့် အစပထမမှာ ထိရောက်မှုရှိတာကို သိပ် မပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့လအနည်းငယ်က သမ္မတဦးသိန်းစိန်က သိသာတဲ့ ပြောင်းလဲမှုတွေ   ဖေါ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာတဲ့အတွက်    အမေရိကန်-မြန်မာဆက်ဆံရေး ပိုလို့ လမ်းပွင့်လာခဲ့ပါတယ်။ 
ကျနော့်အထင်ကတော့ ဒီ တိုးတက်မှု   တွေအတွက် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
 မြန်မာနိုင်ငံဟာ မဲခေါင်မြစ် အောက်ပိုင်း စီမံကိန်းမှာ ပါဝင်ခွင့်ရလာနိုင်သလို နိုင်ငံတကာ ဘဏ်ကြီး
ဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း အကူအညီတွေပေးဖို့ အခွင့်အလမ်း ရှိလာနိုင်ပါတယ်။”
ဦးဝဏ္ဏမောင်လွင်ဟာ ၂၀၁၀ ရှေ့ ပိုင်းနှစ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ်
တက်ရောက်ခဲ့ရာမှာ နှစ်ပေါင်းများစွာ စစ်အစိုးရလက်ထက် လူ့ အခွင့်အရေးချိုးဖေါက်မှုမရှိဘူးလို့  လိမ်လည်ခဲ့သူတဦးဖြစ်ပြီး  ဒီမိုကရေစီကြတော့လည်းသူပဲ ပြောင်းလဲနေပါပြီ အကူအညီတွေပေးဖို့ 
လိုက်လံတောင်းခံနေတာကိုတွေ့ ရပါတယ်။ရှာနှစ်ခွနဲ့ မြွေဆိုတာ သူ့ ကိုခေါ်တာဖြစ်နိုင်တယ်။ 

ဒီမိုကရေစီအင်အားစုတွေက နိုင်ငံတကာနဲ့  မြန်မာ့နိုင်ငံရေးဆွေးနွေးနေတုံးက ယ္ခုကြံဖွတ်အစိုးရက
ဒီဆောင်ပုဒ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အခုကြတော့ သူတို့ ပဲအရှက်မရှိ နိုင်ငံတကာကို လိုက်ယှက်နေ
ကြတာတွေ့ နေကြရမှာပါ။အမှန်တရားဟာ ဘယ်သူတွေလဲဆိုတာ ပြည်သူတွေဘဲ စဉ်းစားကြည့်
ကြပါ။