Tuesday, May 15, 2012

၈၈ မျိုးဆက် ကျောင်းသားများကို ထားဝယ်တွင် ဆိုင်းဘုတ်တင် ကြိုဆိုခွင့်မရ


ရန်ကုန် ၊ မေ ၁၅

ထားဝယ် ခရီးစဉ်အဖြစ်လာရောက်သည့် ၈၈ မျိုးဆက်ကျောင်းသားများကို လောင်လုံမြို့နယ် မင်းရပ်ကျေးရွာတွင် ဆိုင်းဘုတ်ဖြင့်ကြိုဆိုခဲ့ခြင်းကို ဒေသအာဏာပိုင်များက   တာဆီးခဲ့ကြောင်း   ဒေသခံများက ပြောကြားသည်။

“၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အား ကြိုဆိုကြောင်း ” ဆိုင်းဘုတ်မှာ ဥပဒေနှင့် မညီညွတ်ဟု ဆိုကာ တားဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ပုသိမ်မြို့တွင်လည်း အလားတူ တာဆီးခြင်းများ ပြုလုပ်ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ဦးမင်းကိုနိုင်နှင့်အဖွဲ့သည် ဒေသခံလူထု ၅၀၀ခန့်နှင့် တွေ့ဆုံခဲ့ပြီး မင်းရပ်ကျေးရွာမှ လောင်လုံမြို့သို့ ထွက်ခွာနေပြီဖြစ်ကြောင်း ညနေပိုင် ၄နာရီတွင် ဒေသခံတစ်ဦးက ပြောကြားသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ်က “ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကို ညာခြေလှမ်းချိန်မှာ ကျွန်တော်တို့ ၈၈မျိုးဆက်တွေကလည်း လူထုကို ထမ်းပြီး ဘယ်ခြေလှမ်းတယ်”ဟု ခရီးစဉ်နှင့် ပတ်သက်၍ ရည်ရွယ်ချက်ကို ပြောကြားသည်။
The Voice Weekly