Monday, May 28, 2012

ကားများ အကျဈေးနှင့်အရောင်းအ၀ယ်ဖြစ်


ရန်နိုင်(မြစ်မခ)
မေလ ၂၇၊ ရန်ကုန်မြို့။

ရန်ကုန်မြို့ကားဈေးကွက်အတွင်း ကားအရောင်းအ၀ယ် ဈေးကွက်မှာ အကျဈေးဘက်တွင်ငြိမ်နေပြီး အရောင်းအ၀ယ် ဖြစ်နေသည်ဟု ကားအရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။

 “ကားဈေး သိန်းတစ်ရာအောက် ထိုးကျသွားပြီး အရောင်းအ၀ယ်ကတော့ဖြစ်နေပါတယ်။ လက်ရှိမှာတော့ တိုယိုတာတွေအ၀ယ်လိုက်နေတယ်”ဟု ရန်ကုန်မြို့ ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ဦးမြင့်စိုးက ပြောသည်။


မေလ နောက်ဆုံးပတ်အထိ ရန်ကုန်မြို့ ကားပွဲစားတန်းများရှိ အချို့သော ကားဈေးနှုန်းများမှာ စူဇူကီးဝက်ဂွန် R+ (အက္ခရာ-၂ဂ၊ ၃ဂ) (၁၃၇) သိန်း ၀န်းကျင်၊ ပါဂျဲရိုး (မော်ဒယ်-၉၈၊ ၉၉) (အက္ခရာ-၉ဂ) (၃၅၀) သိန်း ၀န်းကျင်၊ မတ်တူး (၂.၅-Grande)(မော်ဒယ်-၂၀၀၂)(အက္ခရာ-၉ဂ) (၂၄၀) သိန်းဝန်းကျင်၊ တိုယိုတာလီမိတက် (မော်ဒယ်-၉၈)(အက္ခရာ-၈ဃ) (၂၈၃)သိန်း ၀န်းကျင်တို့ဖြစ်ပြီး အချိန်ပေါ်မူတည်၍ ဈေးအနည်းငယ်သာ ပြောင်းလဲနိုင်သည်။

အဆိုပါ ကားများမှာ ယခင် ၂၀၁၁ ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် အဆိုပါ ကားများဖြစ်သော စူဇူကီး R+ (၂ဂ)မှာ (၂၃၅)သိန်းဝန်းကျင်၊ ပါဂျဲရိုး (မော်ဒယ်-၊၉၇၊ ၉၈) (အက္ခရာ-၄ဂ) (၉၀၀) သိန်း ၀န်းကျင်၊ တိုယိုတာ လီမိတက် (မော်ဒယ်-၉၈) (၄၀၀) သိန်းအထက် ဈေးနှုန်းတွင် တည်ရှိနေခဲ့သော ကားများဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များတွင် နိုင်ငံခြား ငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများအား (၂၀၀၇) ခုနှစ်နှင့်အထက် မော်တော်ယာဉ် များအား တင်သွင်းခွင့်ပြုသော ကြေငြာချက် ထွက်ပေါ်ပြီးနောက် ကားဈေးများ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ဟံသာဝတီကားရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ပြောဆိုကြသည်။

 “နိုင်ငံသားတိုင်းကား တင်သွင်းခွင့်ပြုပြီး တစ်ပတ်လောက်အထိကတော့ ကာဈေးကွက် တော်တော် ငြိမ်သွား တယ်။ တချို့ ကားပွဲစားတွေဆို အလုပ်ပြောင်းပြီး အိမ်ခြံမြေဘက်ကို လှည့်သွားတဲ့သူတွေတောင်ရှိတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ၀ါရင့် ကားရောင်းဝယ်ရေးသမားတစ်ဦးဖြစ်သူ ဦးဝင်းကျော်သူက ပြောသည်။

ထိုကဲ့သို့ နိုင်ငံသားတိုင်းကားတင်သွင်းခွင့်ပြုမိန့်ကြောင့် ကားစလစ်ကိုင်ဆောင်ထားသူများနှင့် ကားတင်သွင်း ပြီးသူများနစ်နာမှုများရှိခဲ့သော်လည်း ပြည်သူအများစုမှာ ထိုအပေါ်တွင် အားရထောက်ခံမှုများရှိခဲ့သည်။

“ကားဈေးနှုန်းတွေက ဒီလောက်ပဲ ဖြစ်သင့်တာကြာပါပြီ။ ဘာပဲဖြစ်ဖြစ် အရင်က ကျပ်သိန်းသုံးထောင် လောက်ရှိတဲ့ကား တစ်စီးကို အခု ကျပ်သိန်း ငါးရာ ကျော်လောက်နဲ့ ၀ယ်စီးနိုင်တော့မယ်ဆိုတော့ အရမ်းကို ၀မ်းသာပါတယ်။ အခုလို ခွင့်ပြုမိန့်ပြုလိုက်တဲ့အပေါ် သက်ဆိုင်ရာက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင် ပါတယ်”ဟု ကားတင်သွင်းရန်ကြိုးစားနေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ဦးမျိုးမင်းထိုက်က ပြောသည်။

နိုင်ငံသားတိုင်း ကားတင်သွင်းခွင့်မပြုမီက ၎င်းနှင့်တိုက်ရိုက် စပ်ဆက်နေသော အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ (၈၂၀) ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ထိုကဲ့သို့ ကားတင်သွင်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၈၄၀) ကျော်အထိ သိသိသာသာ မြင့်တက်ခဲ့သည်။ (၂၀၁၂) ခုနှစ် ဧပြီလ (၂) ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင်အဖြစ် စတင်သတ်မှတ်စဉ်က အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ် ငွေ (၈၁၈) ကျပ်သာရှိခဲ့သည်။

အဆိုပါ ကြေငြာချက်အား မေလ (၇) ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီအစည်းအဝေး(၃/၂၀၁၂) အမိန့်ထွက်ပြီးနောက် နှစ်ပတ်ကျော်ကာလအတွင်း ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားဈေးနှုန်းမှာ သုံးဆယ်ရာခိုင်နှုန်းကျော်သို့ ထိုးကျသွားပြီး ကားအရောင်း အ၀ယ် အနည်းငယ်ပြန်လည်လှုပ်ခတ်လာသည်ဟု ရန်ကုန်မြို့အတွင်းရှိ ကားဝယ်/ရောင်း လုပ်ငန်းလုပ်ကိုင်သူ များက ပြောသည်။
ရန်နိုင်(မြစ်မခ)
မေလ ၂၇၊ ရန်ကုန်မြို့။

ရန်ကုန်မြို့ကားဈေးကွက်အတွင်း ကားအရောင်းအ၀ယ် ဈေးကွက်မှာ အကျဈေးဘက်တွင်ငြိမ်နေပြီး အရောင်းအ၀ယ် ဖြစ်နေသည်ဟု ကားအရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။

 “ကားဈေး သိန်းတစ်ရာအောက် ထိုးကျသွားပြီး အရောင်းအ၀ယ်ကတော့ဖြစ်နေပါတယ်။ လက်ရှိမှာ
တော့ တိုယိုတာတွေအ၀ယ်လိုက်နေတယ်”ဟု ရန်ကုန်မြို့ ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ဦးမြင့်စိုးက ပြောသည်။

မေလ နောက်ဆုံးပတ်အထိ ရန်ကုန်မြို့ ကားပွဲစားတန်းများရှိ အချို့သော ကားဈေးနှုန်းများမှာ စူဇူကီးဝက်ဂွန် R+ (အက္ခရာ-၂ဂ၊ ၃ဂ) (၁၃၇) သိန်း ၀န်းကျင်၊ ပါဂျဲရိုး (မော်ဒယ်-၉၈၊ ၉၉) (အက္ခရာ-၉ဂ) (၃၅၀) သိန်း ၀န်းကျင်၊ မတ်တူး (၂.၅-Grande)(မော်ဒယ်-၂၀၀၂)(အက္ခရာ-၉ဂ) (၂၄၀) သိန်းဝန်းကျင်၊ တိုယိုတာလီမိတက် (မော်ဒယ်-၉၈)(အက္ခရာ-၈ဃ) (၂၈၃)သိန်း ၀န်းကျင်တို့ဖြစ်ပြီး အချိန်ပေါ်မူတည် ၍ ဈေးအနည်းငယ်သာ ပြောင်းလဲနိုင်သည်။

အဆိုပါ ကားများမှာ ယခင် ၂၀၁၁ ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် အဆိုပါ ကားများဖြစ်သော စူဇူကီး   R+ (၂ဂ)မှာ (၂၃၅)သိန်းဝန်းကျင်၊ ပါဂျဲရိုး (မော်ဒယ်-၊၉၇၊ ၉၈) (အက္ခရာ-၄ဂ) (၉၀၀) သိန်း ၀န်းကျင်၊ တိုယိုတာ လီမိတက် (မော်ဒယ်-၉၈) (၄၀၀) သိန်းအထက် ဈေးနှုန်းတွင် တည်ရှိနေခဲ့သော ကားများဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များတွင်   နိုင်ငံခြား ငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများအား (၂၀၀၇) ခုနှစ်နှင့်အထက်   မော်တော်ယာဉ် များအား တင်သွင်းခွင့်ပြုသော ကြေငြာချက် ထွက်ပေါ်ပြီးနောက် ကားဈေးများ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ဟံသာဝတီကားရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ပြောဆိုကြ  သည်။

 “နိုင်ငံသားတိုင်းကား တင်သွင်းခွင့်ပြုပြီး တစ်ပတ်လောက်အထိကတော့ ကာဈေးကွက် တော်တော် ငြိမ်သွား တယ်။ တချို့ ကားပွဲစားတွေဆို အလုပ်ပြောင်းပြီး အိမ်ခြံမြေဘက်ကို လှည့်သွားတဲ့သူတွေ   တောင်ရှိတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ၀ါရင့် ကားရောင်းဝယ်ရေးသမားတစ်ဦးဖြစ်သူ ဦးဝင်းကျော်သူက ပြောသည်။

ထိုကဲ့သို့ နိုင်ငံသားတိုင်းကားတင်သွင်းခွင့်ပြုမိန့်ကြောင့် ကားစလစ်ကိုင်ဆောင်ထားသူများနှင့် ကားတင်သွင်း ပြီးသူများနစ်နာမှုများရှိခဲ့သော်လည်း ပြည်သူအများစုမှာ ထိုအပေါ်တွင် အား ရထောက်ခံမှုများရှိခဲ့သည်။

“ကားဈေးနှုန်းတွေက ဒီလောက်ပဲ ဖြစ်သင့်တာကြာပါပြီ။ ဘာပဲဖြစ်ဖြစ် အရင်က ကျပ်သိန်းသုံး   ထောင် လောက်ရှိတဲ့ကား တစ်စီးကို အခု ကျပ်သိန်း ငါးရာ ကျော်လောက်နဲ့ ၀ယ်စီးနိုင်တော့မယ်ဆို
တော့ အရမ်းကို ၀မ်းသာပါတယ်။ အခုလို ခွင့်ပြုမိန့်ပြုလိုက်တဲ့အပေါ် သက်ဆိုင်ရာက တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးတင် ပါတယ်”ဟု ကားတင်သွင်းရန်ကြိုးစားနေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
နေ ဦးမျိုးမင်းထိုက်က ပြောသည်။

နိုင်ငံသားတိုင်း ကားတင်သွင်းခွင့်မပြုမီက ၎င်းနှင့်တိုက်ရိုက် စပ်ဆက်နေသော အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ (၈၂၀) ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ထိုကဲ့သို့ ကားတင်သွင်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၈၄၀) ကျော်အထိ သိသိသာသာ မြင့်တက်ခဲ့သည်။  (၂၀၁၂) ခုနှစ် ဧပြီလ (၂) ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင်အဖြစ် စတင်သတ်မှတ်စဉ်      က အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ် ငွေ (၈၁၈) ကျပ်သာရှိခဲ့သည်။

အဆိုပါ ကြေငြာချက်အား မေလ (၇) ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီအစည်းအဝေး(၃/၂၀၁၂) အမိန့်ထွက်ပြီးနောက်   နှစ်ပတ်ကျော်ကာလအတွင်း ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားဈေးနှုန်းမှာ သုံးဆယ်ရာ ခိုင်နှုန်းကျော်သို့ ထိုးကျသွားပြီး ကားအရောင်း အ၀ယ် အနည်းငယ်ပြန်လည်လှုပ်ခတ်လာသည်ဟု ရန်ကုန်မြို့အတွင်းရှိ ကားဝယ်/ရောင်း လုပ်ငန်းလုပ်ကိုင်သူ များက ပြောသည်။