Monday, May 28, 2012

သမ္မတအကြံပေး ဥာဏ်ကြီးရှင် ဦးကိုကိုလှိုင်ပြောခဲ့တဲ့ ဖရောင်တိုင်မီးလောင်ပြီ နိုင်ငံတော်က ဘယ်လိုတာဝန်ယူမှာလဲ



မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယေင်းတိုင်မီးမှတစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် စိန်ပန်းလမ်းနှင့် မနော်ဟယ်ရီလမ်းကြား အကွက် (C-1)တွင် နံနက် ၉ နာရီ ၃၀မိနစ်က စတင်လောင်ကျွမ်းခဲ့ကြောင်း၊ ၁၅ ပေ၊ ပေ ၂၀ သွပ်မိုးထရံကာ မြေစိုက်တစ်    ထပ် အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ လောင်ကျွမ်းခဲ့ပြီး ၉နာရီ ၅၅ မိနစ်တွင် မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စုငါးစုနှင့် လူဦးရေ ၃၀ မီးဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး  ဥပဒေပုဒ်မ ၂၈၅ ဖြင့် ပြည်သူများကို အရေးယူထားရှိကြောင်း သိရှိရသည်။

ပြည်သူတွေကို ဖရောင်တိုင်မီးလေးနဲ့  ခြွေတာဖို့ အကြံပြုခဲ့တဲ့ သမ္မတအကြံပေး ဥာဏ်ကြီးရှင်
ဦးကိုကိုလှိုင် အခုတော့ ပြည်သူတွေမီးလောင်ပြီ တရားဆွဲခံရပြီ ခင်ဗျားအကြံပြုခဲ့လို့  မိမိစကား
ကိုတာဝန်မယူတတ်တဲ့ နိုင်ငံတော်အကြံပေးတွေကြောင့် ဒီနိုင်ငံတော်ကြီး ပြာပုံဖြစ်မည့်အရေး
ရင်လေးမိတယ်။