Friday, May 18, 2012

၁၉၉၁ခုနှစ်က ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုယူရန် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၄ ရက်နေ့ တွင် ထွက်ခွာမည်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ခုနှစ်က ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆု ယူရန် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည်   ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် အော်စလိုမြို့သို့ ၁၅ ရက်နေ့တွင် ရောက်ရှိ မည်ဖြစ်ကြောင်း၊ နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်တွင် တက်ရောက်မည် ဖြစ်ကြောင်း   နော်ဝေ သံတမန် သတင်းရပ်ကွက်က သိရှိရသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် အိုင်ယာလန် နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် သူ၏ ၆၇ နှစ်မြောက်မွေးနေ့ကို ဗြိတိန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်လည်း ဖြစ်သည်။