MEEM (Myanmar Exhibition and Events Management Co;Ltd) နှင့် ကရုဏာလရိပ်အဖွဲ့တို့ ကြီးမှူးကျင်းပသည့် ''HIV/ AIDS
ဝေဒနာရှင်များ ပြု စုစောင့်ရှောက်ရေးနှင့် ကုသရေး'' ရန်ပုံငွေ
ပွဲဖြစ်
သော ''တကယ်လို့များ''အမည်ရှိ ဂီတဖျော်ဖြေပွဲကို မေလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့ ရှိ ပြည်ထောင်စု ကွင်း၌ ကျင်းပသွားမည်ဟု သိရသည်။ ထိုဂီတဖျော်ဖြေပွဲတွင် နိုင်ငံ ကျော်တေးသံရှင်များဖြစ်သည့် Rဇာနည်၊ လင်းလင်း၊ ဆောင်းဦးလှိုင်၊ ရသ၊ လွှမ်းပိုင်၊ သိန်းလင်းစိုး၊ ချမ်းချမ်း၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ မိစန္ဒီ၊ Bobby Soxer နှင့် အနုပညာရှင်များစွာတို့အပြင်
Life & Dance Group ၏
ထူးခြားဆန်းသစ်သော Dancinge ဖျော်ဖြေ တင်ဆက်မှုနှင့်အတူ ဂျိုကာ၏ ဟာသများစသည့် ဖျော်ဖြေမှုပေါင်းများစွာ ဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်သည်ဟုပွဲ စီစဉ်
သည့် MEEM ကုမ္ပဏီမှ ဒါရိုက်တာ မပပစိုးက ပြောသည်။ ပွဲလက်မှတ်များကို
ကြိုတင် လက်မှတ်အဖြစ် ကျပ် ၄ဝဝဝ နှင့် ထိုနေ့တွင် ဝယ်ယူပါက ကျပ် ၅ဝဝဝ
နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အဆိုပါပွဲမှ ရရှိသော ငွေကြေးများအား
ART ဆေးဝါး လိုအပ်နေသောHIV/ AIDS
ဝေဒနာရှင်များ အားလှူဒါန်း သွားမည်ဟု ၄င်းက ထပ်မံပြောကြားသည်။
တကယ်လို့များ ကိုယ့်ရဲ့ မိသားစုဝင်တွေထဲ မှာပဲ ဖြစ်ဖြစ်၊
ကိုယ်ကိုယ်တိုင်မှာပဲဖြစ်ဖြစ် HIV ပိုး ကူးစက်ခံရရင် ဘယ်လိုနေမလဲဆိုတာကို
တွေးမိပြီး HIV ဝေဒနာသည်တွေအပေါ် ကိုယ်ချင်း စာနိုင်အောင် ဒီပွဲကို
စီစဉ်ဖြစ်တဲ့ အပြင် ပွဲရဲ့ခေါင်းစဉ်ကိုလည်း ''တကယ်လို့ များလို့'' လို့ ပေး
လိုက်တာပါဟု ၄င်းက ဆိုသည်။ ထို့အပြင် အလားတူ Rock,Rap နှင့် HipHop
အဆိုတော်များ ပါဝင်သည်HIV/AIDS ရန် ပုံငွေ ဂီတဖျော်ဖြေပွဲများကို မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင်ပါ ဆက်လက်ကျင်းပ သွားမည်ဟု သိရသည်။
သော ''တကယ်လို့များ''အမည်ရှိ ဂီတဖျော်ဖြေပွဲကို မေလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့ ရှိ ပြည်ထောင်စု ကွင်း၌ ကျင်းပသွားမည်ဟု သိရသည်။ ထိုဂီတဖျော်ဖြေပွဲတွင် နိုင်ငံ ကျော်တေးသံရှင်များဖြစ်သည့် Rဇာနည်၊ လင်းလင်း၊ ဆောင်းဦးလှိုင်၊ ရသ၊ လွှမ်းပိုင်၊ သိန်းလင်းစိုး၊ ချမ်းချမ်း၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ မိစန္ဒီ၊ Bobby Soxer နှင့် အနုပညာရှင်များစွာတို့အပြင်
ထူးခြားဆန်းသစ်သော Dancinge ဖျော်ဖြေ တင်ဆက်မှုနှင့်အတူ ဂျိုကာ၏ ဟာသများစသည့် ဖျော်ဖြေမှုပေါင်းများစွာ ဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်သည်ဟုပွဲ စ