Friday, May 18, 2012

ပြည်မြို့တွင် လျှပ်စစ်မီးများ ဆိုးရွားစွာပျက်တောက်နေသောကြောင့် ပြည်သူများ အခက်အခဲဖြစ်နေ

၁၈-၅-၂၀၁၂
လျှပ်စစ်မီးများ ဆိုးရွားစွာပျက်တောက်နေသော ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပြည်မြို့တွင် မေ ၁၇ ရက်ညက မြို့တွင်းတစ်ဝိုက်နေထိုင်သူများက မီးသံချောင်းများရိုက်ခေါက်သည့် လှုပ်လျားမှုများဖြစ် ခဲ့ကြောင်း ပြည်မြို့ခံများထံမှသတင်းရရှိသည်။
"မီးက ပျက်နေတာဆက်တိုက်ဖြစ်နေပြီ။ မနေ့ကဆိုတစ်နေ့လုံးလုံးဝကိုမလာတာ။ မြို့ထဲမှာ မီးသံချောင်းတွေခေါက်တော့ မီးသတ်ကားတွေကလည်းဟိုပြေးဒီပြေးနဲ့ဆူညံသွားတာပေါ့" ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးလောင်မှုအန္ဒရာယ်ကို ပြည်သူများစိုးရမ်နေကြပြီး ဒီထက်ဆိုးဝါးလာ
လျှင် ပြည်သူများ လမ်းမပေါ်ထွက် ဆန္ဒပြ တောင်းဆိုဖို့  ရှိနေတယ်လို့  ဆက်သွယ်မေးမြန်းချက် အရ
သိရပါတယ်။