Friday, May 18, 2012

ခရိုနီ(အစိုးရနှင့် နီးစပ်သောလုပ်ငန်းရှင်များ)အား စနစ်တကျ ကိုင်တွယ်ဖို့ လို


 ခရိုနီ(အစိုးရနှင့် နီးစပ်သောလုပ်ငန်းရှင်များ) များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့်က ခရိုနီတွေကို ပြစ်ပယ်ထားလို့မရဘူး ခရိုနီဆိုတာ ထိုင်းမှာလဲရှိတယ် မလေးရှားမှာလဲရှိတယ် ဗီယက်နမ် မှာလဲရှိတယ် သူတို့တွေကို ကိုင်တွယ်တတ်ဖို့သာလိုတာ ၊သူတို့တွေကိုကောင်း တဲ့နေရာမှာပြန်အသုံးချ လို့ရတယ် အတင်းကြီးဖိအားတွေသွားပေးလို့ သူတို့ တစ်ခြားနိုင်ငံထွက်သွားကြည့် ရှိသမျှ အကုန်ပြောင် မှာလေ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကိစ္စပြောဖြစ်တယ် သူလဲ သဘောတူတယ် ခရိုနီတိုင်းမကောင်း ဘူးဆိုတာတော့ မဟုတ်ပါဘူး တိုင်းပြည်အတွက်အလုပ်လုပ် ချင်တဲ့ သူတွေလည်းရှိပါတယ် သူတို့ ကိုကောင်းတဲ့နေရာတွေမှာအသုံးချရင် တိုင်းပြည်အတွက်အကျိုးရှိပါတယ်”ဟု စီးပွားရေးဆွေးနွေး ပွဲတစ် ခုတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် နှစ်နိုင်ငံတရားဝင်ဖော်ပြသော စာရင်းဇယားများကွာဟမှုရှိနေ အထူးသဖြင့် သစ်ရောင်းဝယ်ရေးတွင် တရုတ်နိုင်ငံမှထုတ်ပြန်သော စာရင်းများကအဆပေါင်း ၂၇ ဆ ပိုမိုနေဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် က ယနေ့ကျင်းပပြုလုပ်သော စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ The Messenger News Journal