( မေလ ၂၁ ရက်နေ့  လှိုင်သာယာ NLD ရုံးခန်းဖွင့်ပွဲ)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ပြီး ပြည်သူများက မိမိဆန္ဒကို
ဖေါ်ထုတ်ကာ မဲပေးခဲ့ကြသောကြောင့် ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့သည်။အင်အားကြီးသော ဒီမိုကရေစီအတိုက်အခံပါတီကြီးတကျော့ပြန် ရှင်သန်ကာ ပြည်သူ့ အကျိုးပြုဖို့  ပေါ်ထွန်းလာခဲ့သည်။
ပါတီမှတ်ပုံတင်ပြီး NLD ရုံးခန်းများ အမြို့ မြို့ အနယ်နယ်တွင် ဖွင့်လှစ်နေ၍ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကာ ချစ်ခင်လေးစားကြသော ပြည်သူများ တနေ့ ထက်တနေ့  များပြားလာနေသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါ အတုယူ စံနမူနာထား
သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၂၀ကျော် ငြိမ်းချမ်းသောနည်းဖြင့်အသွင်ကူးပြောင်းရေး ကြိုးစား
အားထုတ်ခဲ့သော ရလဒ်သည် ယနေ့ မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကာလသို့ ရောက်
ရှိခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သောဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို
ကမ္ဘာကပါ ထောက်ခံအားပေးလာနေသည်ကို တွေ့ မြင်ကြရမည်ဖြစ်ပြီး ပြည်သူများလည်း ဒီမိုကရေစီ
အမြစ်တွယ်စေရေးအတွက် အားကြိုးမာန်တက် မိမိတို့ ကိုယ်တိုင် ပူးပေါင်းပါဝင်လာနေကြပြီ ဖြစ်သည်။


