၂၀၁၂-၅-၂၂
မန္တလေးမြို့  လျှပ်စစ်မီးရရှိရေး တောင်းဆိုဆန္ဒဖေါ်ထုတ်သူ ပြည်သူများအား ပြည်လည်အောင် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဆန္ဒပြဦးဆောင်လှုပ်ရှားသူ အဖွဲ့မှအဖွဲ့ဝင်တစ်ဦးကို မန္တလေးတိုင်း ရဲမင်းကြီးက မနေ့ည ၈ နာရီ ၄၅ မီနစ်ခန့်တွင် တွေ့ဆုံ၍ တရားမ၀င်သော လူထုစုစည်းမှု ဖြစ်သဖြင့် ဆက်လက်ပြုလုပ်ခြင်းမပြုလုပ်ရန် တားမြစ်ကာ ခြိမ်းခြောက်ခဲ့ပြီး ပါဝင်သူပြည်သူများကို ခြိမ်းခြောက်မှု များပြုလုပ်လျှက်ရှိနေကောင်း မြို့ ခံများ၏ သတင်းအရသိရှိရသည်။ ဖမ်းဆီးထိမ်းသိမ်းနိုင်သည့် အနေ အထားများရှိနေပြီး SB တိုင်းအထူး ရဲ့တပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေသည်ဟု သတင်းများထွက် ပေါ်လျှက်ရှိသည်။