လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြဦးဆောင်လှုပ်ရှားသူ
အဖွဲ့မှအဖွဲ့ဝင်တစ်ဦးကို မန္တလေးတိုင်း ရဲမင်းကြီးက ယနေ့ည ၈ နာရီ ၄၅
မီနစ်ခန့်တွင် တွေ့ဆုံ၍ တရားမ၀င်သော လူထုစုစည်းမှု ဖြစ်သဖြင့်
ဆက်လက်ပြုလုပ်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့မှုကြောင့် ပြည်သူများ စီးပွားရေးလုပ်ငန်းများ
ကျောင်းသားများ အခက်အခဲများကြုံတွေ့ နေရသောကြောင့် မြို့ ကြီးများဖြစ်သည့် မန္တလေး မုံရွာ တွင် လျှပ်စစ်မီးရရှိရေး အတွက် ဖယောင်းတိုင်မီးထွန်းညှို၍ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ် တောင်းဆိုမှုများ များပြားလာနေသည် ပြည်သူ့ ဆန္ဒငြိမ်းချမ်းစွာဖေါ်ထုတ်မှုကို အာဏာပိုင်များက ခြိမ်းခြောက်ခဲ့သည်
သည်ဟု သိရှိရသည်။
(ယနေ့ ည မန္တလေး နှင့် ပြည်မြို့ တို့ တွင် ဖယောင်းတိုင်းမီး ထွန်းညှိုဆန္ဒပြသည် ဟု သတင်း ရရှိသည်)