Tuesday, April 24, 2012

Old political Prisoners from Seinpaw B.E.H.S Ceremony

ယုံကြည်ချက်ကြောင့် နိုင်ငံရေးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေတဲ့ အထက(၆) ဗိုလ်တထောင်(စိန်ပေါလ်) ကျောင်းသားဟောင်းတွေကို ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဧပြီလ ၂၁ ရက်နေ့ မနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဗိုလ်တထောင် (စိန်ပေါလ်)ကျောင်းသားဟောင်းတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၊ ကိုနေကျော်၊ ဒေါက်တာ သာမြကျော်၊ ကိုမြတ်စံ၊ ဘလော့ကာ ကိုနေဘုန်းလတ်၊ ကိုဇော်ထက်ကိုကို၊ ကိုအောင်ဇေဖြိုး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် နဲ့ ကိုဝင်းထွဋ်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။