Tuesday, April 24, 2012

ဒီမိုကရေစီခရီးလမ်းဟာ ခက်ခဲပေမဲ့ ပြည်သူတွေနှင့်အတူ လျှောက်လှမ်းမည်


ပြည်သူတွေကို မှန်မှန်ကန်ကန် မပြောဘူးဆိုတာဟာ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ဟာ မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။ ကျမတို့ ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ မနည်းပါဘူး။ ဒီအခက်အခဲတွေရှိတယ်ဆိုတာကို ကျမတို့က အသိအမှတ်ပြုတာဟာ စိတ်ပျက်လို့မဟုတ်ဘူး။ အားတွေ ပိုပြီးတော့ ဖြည့်ဖို့လိုတာဆိုတာ အများသိစေချင်လို့ ကျမတို့ ပြော တာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့က အခက်အခဲတွေအားလုံး ကျမတို့အတူကျော်လွှားဖို့ ကြိုးစားကြပါ။ အားတွေဖြည့်ကြပါ။ ကျမတို့က ပြည်သူတွေကို လေးစားသလို၊ တန်ဖိုးထားသလို ပြည်သူတွေကလည်း ကျမတို့အပေါ်မှာ ယုံကြည်မှုပေးပါလို့ ကျမတောင်းခံချင်ပါတယ်။ မြလေးငုံ